Ep-6

951 88 13
                                    

ခြေဦးတည့်ရာလျောက်သွားနေသည့် ခြေတစ်စုံ..။
ဖိနပ်မပါတာကြောင့် ခြေထောက်နုနုလေး
တွေမှာလဲ နီရဲကာ သွေးခြေဥနေပြီလေ..။

ဘယ်နေရာတွေ ရောက်နေမှန်းသူမသိပါ..။
သူသိတာ လွတ်အောင်ထွက်ပြေးဖို့ပဲ..။

အိမ်မက်ဆိုးဟာ ညတိုင်းလိုလိုခြောက်လန့်
နေခဲ့တယ်..။ ထိုအခါတိုင်း အနည်းငယ်
စူထွက်ခါစဖြစ်လာတဲ့ ဗိုက်လေးကို
ပွတ်သပ်မိတယ်..။

သွေးတွေနဲ့နီရဲနေတဲ့ ကလေးအလောင်းကို
မြင်တိုင်း နာကျင်နေမိတယ်..။ ကလေးငိုသံတွေဟာ
ဒီတိုင်းနေရင်တောင် နားထဲမှာ ပဲ့တင်သံ
တဖွယ်ထပ်ခါထပ်ခါကြားနေရတယ်..။

ကိုယ့်ကိုကိုယ်ပြန်စဉ်းစားကြည့်တယ်..။
ကလေးဟာ ဘာအပြစ်မှ မရှိခဲ့ဘူး
မဟုတ်လား..။ အပြစ်မဲ့တဲ့ကလေးကို
လူလောကထဲတောင် မရောက်သေးဘူး
ဖခင်ဖြစ်တဲ့ငါက သတ်ပစ်ဖို့
ကြိုးစားခဲ့တာတဲ့..။

မသိရင် ငါကတကယ်ပဲ ဒယ်ဒီနဲ့တူတဲ့
သူတစ်ယောက်ဖြစ်သွားလား..။

ငါဆုံးဖြတ်ချခဲ့တယ်..ငါ့ကလေးကို
ငါခံစားရတာတွေ မခံစားစေချင်ဘူး
လူ့လောကထဲမရောက်ခင် သတ်ပစ်တဲ့
ဖခင်ဆိုးတစ်ယောက်လဲ မဖြစ်ချင်ဘူး..။
ငါမွေးမယ်..။

ကံဆိုးစွာပင် ဒီနေ့ဟာ ဖြတ်ချဖို့လုပ်တဲ့နေ့...။
Flora သည် အကုန်လုံး စီစဉ်ထားပြီး
သွားပြီ..။ ငြင်းပယ်လို့မရတဲ့အချိန်မှာ
ငါဦးနှောက်ကို သုံးရတော့သည်..။

ဖြတ်ချဖို့နေရာကိုသွားသည့် လမ်းတစ်ဝက်မှာ..။
ကံတရားက ငါ့ဘက်ပါပြီး ကားဘီးပေါက်ခဲ့သည်..။
ကားဆရာနဲ့ Flora အလုပ်ရှုပ်နေတုန်းမှာ
ငါထွက်ပြေးခဲ့သည်..။

အခုညနက်နေခဲ့ပြီ..။ ဘယ်ရောက်နေမှန်း
ငါမသိပါ..။ လူတွေဟာလည်း တစ်ယောက်မှ
မရှိပဲရှင်းလင်းနေခဲ့သည်..။

အချိန်အတော်အကြာပြေးလာသည့်
ခြေထောက်တွေဟာ ခံနိုင်စွမ်းမရှိတော့ပင်..။
တစ်ကိုယ်လုံး အားအင်တွေ စုတ်ယူ
ထားသလို ခံစားနေရသည်..။

မခံနိုင်‌တဲ့အဆုံး လမ်းမ၏ထောင့်တစ်နေရာမှာ
ရုပ်ကြိုးပျက်သလို လဲကျသွားခဲ့သည်..။
မြင်ကွင်းတွေဟာ ဝေဝါးလာသည်..။
သူအရမ်းပင်ပန်းနေပြီ..။

NEVER { COMPLETE }Where stories live. Discover now