Ep-12

1K 85 19
                                    

အခုသူမရဲ့စိတ်တွေ လေးပင်နေသည်..။
သူမမောင်လေးကို ဘယ်နေရာမှ ရှာမတွေ့ခဲ့..။
ထိုင်းနိုင်ငံ တစ်နိုင်ငံလုံး မြေလှန်ပြီး
နှံ့စပ်နေအောင် ရှာခဲ့ပေမယ့် မောင်လေးဟာ
အပုန်းကောင်းလွန်းသည်..။

လေဆိပ်တွေ ကားဂိတ်‌တွေ လေဆိပ်တွေမှာ
စုံစမ်းကြည့်ပေမယ့်လည်း မောင်လေးနာမည်နဲ့
အဝင်အထွက် စာရင်းဟာ ရှိမနေ..။

သူမမှာ အလုပ်လဲလုံးဝမလုပ်နိုင်..။
မောင်လေး စိတ်နဲ့တင် သူမရူးတော့မည်...။

" မတွေ့ပြန်ဘူးမလား.."

" ဟုတ်ကဲ့.."

" ဘယ်နေရာကျန်သေးလဲ.."

" မျိုးရိုးမြင့်အိမ်တော်တွေပဲ ကျန်ပါ‌တော့တယ်.."

' မျိုးရိုးမြင့် အိမ်တော် ' ဆိုမှ Gemini ဆိုသည့်
တစ်ယောက်ရဲ့ အိမ်ရှိသေးတာကို သတိရလိုက်သည်..။ Gemini ဆိုသည့်ကောင်လေးဟာ
မောင်လေးနဲ့ ပြဿနာတွေဖြစ်ဖူးသည်..။

အခုပြဿနာကလဲ သူနဲ့ပတ်သတ်တယ်ဆိုတာ
သူမကြားဖူးနားဝရှိသည်..။ မောင်လေးများ
Gemini ဆီမှာ ရှိနေမလား..။

" Gemini Norawit Titicharoenrak ရဲ့
အိမ်တော်ကို စုံစမ်းပေး.."

" ဟုတ်ကဲ့.."

ဘေးကကောင်လေးသည် ချက်ချင်းပင်
Tablet ကိုကောက်ယူပြီး ရှာဖွေနေသည်..။
မျိုးရိုးမြင့် နာမည်ကြီးတဲ့သူတွေမို့
ဘယ်လောက်မျှ ရှာစရာမလိုပဲ ခဏလေးနဲ့
ရှာတွေ့သည်..။

" တွေ့ပါပြီ မမလေး.."

" ပြကြည့်.."

သူမ tablet ကို လက်လွဲယူပြီး တည်နေရာအား
ကြည့်လိုက်တော့ အခုနေရာနဲ့ အနည်းငယ်
ဝေးသည်..။ ဘယ်လိုပဲဖြစ်ဖြစ် သွားရှာရမယ်
မဟုတ်လား..။

" ‌သွားရအောင်.."

" ဟုတ်ကဲ့.."

အဲ့ဒီ့အိမ်မှာမှ မတွေ့ခဲ့ရင် သူမမောင်လေး
ဘယ်နေရာမှာ ရှိလောက်မှာလဲ..။ ညဏ်လည်း
ကောင်းသလို ‌အပုန်းလည်းတော်တဲ့ကလေး..။

------------------------------

" Fourth Nattawat ထစမ်း!.."

" ဘာလဲ.."

မနက်စောစောစီးစီးမှာ အော်သံနဲ့အနိုးခံလိုက်ရတာကြောင့် လူက စိတ်မကြည်တော့ဘူး..။

NEVER { COMPLETE }Where stories live. Discover now