Ep-17

987 86 26
                                    

ဒီနေ့ရွာငယ်လေးဘက်ကို မနက်မိုးမလင်းခင်ထဲက သွားရမှာကြောင့်ငါအတက်နိုင်ဆုံး သပ်သပ်ရပ်ရပ်ပြင်ဆင်နေမိသည်..။

မှန်ထဲကပုံရိပ်ကို တစ်ချက်ပြန်ကြည့်လိုက်သည်..။
ဒီလို လူရုပ်ပုံပေါက်လာအောင် ငါအများကြီး
အချိန်ယူခဲ့တယ်..။ မရှိတော့တဲ့အတောအတွင်းမှာ
ဘီယာဗူးတွေကြားပဲ ခေါင်းမှောက်နေခဲ့မိတာ..။

" မင်းစောက်ရမ်းကြာတယ် ပြင်မနေနဲ့ဒီရုပ်ပဲ.."

Hanသည် စောင့်ရတာ စိတ်မရှည်တာနဲ့အတူ
အခန်းထဲဗြုန်းဆိုင်းဝင်လာပြီး ပြောလေသည်..။

" ပြီးပြီ.."

ရက်အနည်းငယ်နေမှာဖြစ်တာကြောင့်
ခရီးဆောင်အိတ်နဲ့အတူ ပန်းချီကားချပ်တွေ
ပြည့်နှက်နေသည့် အခန်းငယ်လေးထဲက
ထွက်လာခဲ့သည်..။ တော်တော်များများက
မင်းရဲ့ပုံတွေပဲ..။

ကွန်ဒိုအောက်ရောက်နေသည့်အတူ
လုပ်အားပေးအဖွဲ့က လူတွေဟာ စောင့်ကြိုနေသည်..။ အဖွဲ့လိုက်လှုပ်ရှားမှုဖြစ်တာကြောင့်
ကိုယ်ပိုင်ကားနဲ့မသွားတော့ပဲ ခရီးသား
ကားတစ်စီးနဲ့သာ အကုန်လုံးစုပြီးသွားကြဖို့
အတွက် စီစဉ်ထားသည်..။ ကားဟာလဲ
အသင့်ရောက်နေပြီလေ..။

" အိုး..ချောလိုက်တာ..ပန်းချီဆရာ‌လေးရယ်.."

ထိုထဲက အန်တီကြီးတစ်ယောက်က အရွန်းဖောက်ကာဆိုတော့ ငါအနည်းငယ် ရယ်ပြလိုက်သည်..။

" အိမ်ထောင်ဖက်လေးဘာလေး
မရှာသေးဘူးလား.."

မင်းကလွဲပြီး ဘယ်သူမှ ခေါင်းထဲမဝင်တော့တာ
အရင်လို play boyဆိုတဲ့ ဂုဏ်ပုဒ်တောင်
ရေထဲနှစ်မြုပ်သွားခဲ့တာကြာပေါ့..။
နှလုံးသားမှာ တက်တူးတစ်ခုလို ရေးထိုးထားတဲ့
မင်းရဲ့နာမည်..။ဘယ်သူကမှ အဲ့နေရာမှာ
အစားထိုးလို့ရမှာမဟုတ်ခဲ့ဘူး..။

" မရှာသေးပါဘူးဗျာ.."

" ဒီအချိန်မရှာရင် ဘယ်အရွယ်
သွားရှာမှာတုန်း..ပန်းချီဆရာလေးရဲ့.."

" ကျွန်တော်စောင့်နေတဲ့သူရှိလို့ပါ.."

ထိုအန်တီကြီးသည် ထွေထွေထူးထူးမအံ့ဩတော့ပါ..။ ပန်းချီဆရာလေးမှာ mateရှိတယ်
ဆိုတာသိကြပေမယ့် ထိုmateနဲ့ကွဲနေတာ
4နှစ်နီးပါးရှိပြီမဟုတ်လား..မေ့နိုင်လောက်ပြီ
ထင်ကြပေမယ့်လည်း..အချစ်ကြီးလှတဲ့
ပန်းချီဆရာလေးကတော့ နည်းနည်းလေးတောင်
မမေ့နိုင်တာက ပိုပြီး အံ့ဩစရာကောင်းနေတာပါ..။

NEVER { COMPLETE }Where stories live. Discover now