Ep-14

1K 90 19
                                    

" အပြင်သွားချင်လား.."

မနက်က ပျင်းတယ် ဆိုပြီး ပြောထားတာကြောင့်
အပြင်သွားလိုက်ရင် နည်းနည်းများ အပျင်း
ပြေသွားမလား ဆိုပြီး မေးကြည့်လိုက်တော့
စဉ်းစားနေလေသည်..။

" ဘယ်ကိုလဲ.."

" ဟိုဟိုဒီဒီပေါ့ ကလေးအတွက်လဲ
ပစ္စည်းလေးတွေဘာတွေ ကြိုဝယ်ရအောင်.."

" ကလေးအတွက်လား.."

Gemini သည် အခုနောက်ပိုင်း ကလေးအတွက်
ဆိုပြီး အရမ်းဦးစားပေးနေတက်သည်..။
ငါ့ကိုဂရုစိုက်တာမဟုတ်ပဲ ကလေးကို
ဂရုစိုက်တယ်ဆိုတဲ့ အတွေးကြီးက စိုးမိုးလာသည်..။

" အင်း သွားတာပေါ့.."

" အဝတ်အစားမလဲနဲ့တော့ ဒီတိုင်းလဲလှတယ်.."

အနည်းငယ်တောင် ရင်ခုန်သွားမိသလိုပဲ..။

" သွားမယ် စကားများတယ်.."

ရှက်သွားပြီး ခြံပြင်ကို ပြေးထွက်သွားသည့်
ကောင်လေးကြောင့် သဘောကျစွာ
ပြုံးရယ်မိသည်..။ ရှက်ရင် နားရွက်‌ကလေး
တွေဟာ သူ့လိုလို နီရဲလာတက်သည်..။

တစ်ခါတော့ပြောစရာမလိုပဲ ရှေ့ခန်းမှာ ဝင်ထိုင်
နေသည်..။ ငါလဲ driver seat ကနေ ဝင်
ထိုင်လိုက်ပြီး ထွက်ခွာဖို့အတွက်ပြင်သည်..။

" ခါးပတ် ပတ်ထားလား.."

ထိုအခါမှ အကောင်ပေါက်လေးသည်
မပတ်ထားသည်ကို သတိရသွားဟန်..
အခုမှ ခါးပတ် ပတ်ဖို့အတွက် ‌ပြင်လေသည်..။

"ငါ့ဘာ့သာလုပ်မယ်.."

ခါးပတ်တပ်ပေးမလို့ ပြင်လိုက်ခါမှ
သူ့ဘာ့သာလုပ်မယ်ဆိုတဲ့ မာနခဲလေးကြောင့်
လက်တောင်ရှက်သွားသလိုပဲ..။

ခါးပတ်ကို သေချာတပ်ပြီးပြီလား တစ်ချက်
စစ်ပြီးသည်နှင့် ကားလေးဟာ ခြံထဲကနေ
တစ်ရွေ့ရွေ့ထွက်ခွာခဲ့သည်..။

သီချင်းသံငြိမ့်ငြိမ့်လေးနဲ့ ပြတင်းပေါက်
အပြင်က ရှူခင်းကိုကြည့်ပြီး ကားစီးရတာကို
ကြိုက်နှစ်သက်တယ် ထင်ပါရဲ့..။

ပထမဆုံးအနေနဲ့ ဝယ်စရာရှိတာ ဝယ်ဖို့အတွက်
ကုန်တိုက်ထဲကို ဝင်ခဲ့ကြသည်..။ ပိတ်ရက်
မဟုတ်သော်လည်း ကုန်တိုက်ထဲမှာ လူအတော်လေး
များနေသည်..။

NEVER { COMPLETE }Where stories live. Discover now