Ep-2

1K 87 14
                                    

ဒီနေ့တော့ အိမ်မပြန်ပဲ စီစဉ်ထားသည့်
အစီစဉ်လေးတစ်ခုကြောင့် ငါသွား
နေကျမဟုတ်ပေမယ့် Fourth Nattawat
သွားနေကျ ကလပ်ကိုသာ ထွက်လာခဲ့သည်..။
Fourth Nattawat က စိတ်ညစ်သည့်
အခါတိုင်း ကလပ်ကို လာတက်တယ်ဆိုပဲ..။

သေချာစုံစမ်းထားတာ ဒီနေ့အဲ့ကောင်
လာမယ်ဆိုတာကို..။

" မင်း ဘာလုပ်မလို့လဲ.."

သူငယ်ချင်းဖြစ်သူHanရဲ့ အမေးကို
ငါခပ်ဟဟသာ ရယ်ပြီး ပြန်ဖြေလိုက်သည်..။

" မှတ်လောက်သားလောက်ဖြစ်အောင်
ပညာပေးမလို့လေ.."

Hanသည် Gemini ကို နားမလည်ပါ..။
Geminiရဲ့စိတ်က ခန့်မှန်းရ အလွန်ခတ်သည်..။
သူဘာဖြစ်ချင်မှန်း မသိကြပါ..။

ဟောအခုလဲ ဘာလုပ်ဦးမလဲမသိဘူး..။
Geminiဟာ လုပ်ပြီးဆိုရင်‌လဲ အကြီးကြီးတွေ
လုပ်တက်သည့် သူဖြစ်တာကြောင့်
အနည်းငယ်တော့ ကြောက်ရသည်..။

Fourth Nattawat နဲ့ သူက အလယ်တန်းထဲက
ရန်ဖြစ်နေကြတာ အခုအချိန်ထိပဲ..။ အကြောင်း
ပြချက်ကတော့ ဒီတိုင်း ကြည့်မရလို့တဲ့လေ..။
နှစ်ဖက်စလုံးက မျိုးရိုးကြီးတွေ ဖြစ်တာကြောင့်
သူတို့ကို ဘယ်သူကမှ ဟန့်တားပိုင်ခွင့် မရှိဘူးလေ..။
Dominant Alpha အချင်းချင်း ရန်လိုတာလဲ
ဖြစ်နိုင်သည်..။

"သူလာပြီ.."

မကြာပါဘူးFourth Nattawat သည်
ကလပ်ထဲကို ဝင်လာခဲ့သည်..။ ငါတို့
ထိုင်နေသည့် စားပွဲဝိုင်းနဲ့ မလှမ်းမကမ်း
စားပွဲမှာ သွားထိုင်သည်..။

ငါအစီအစဉ်စဖို့အတွက် စားပွဲထိုး
ကောင်လေးကို ခေါ်လိုက်သည်..။

" သူမှာတဲ့အထဲမှာ အကုန်ထည့်.."

" ဟုတ်ကဲ့.."

စားပွဲထိုးကောင်လေးသည် Titicharoenrak
အိမ်တော်ကသားမှန်းသိတာကြောင့်
အမိန့်ကို မလွန်ဆန်နိုင်ပေ..။

" မင်းဆေးခတ်မလို့လား သူက Alpha နော်.."

" ငါအဲ့လောက်တုံးမနေဘူး.."

Hanသည် သူ့သူငယ်ချင်းဖြစ်သူကို
ခေါင်းတစ်ခါခါနဲ့ပင်..။ ထိန်းလို့ ပြောလို့
ရမှာလည်း မဟုတ်တာကြောင့် ဒီတိုင်းသာ
လွှတ်ထားလိုက်သည်..။

NEVER { COMPLETE }Where stories live. Discover now