Ep-18

1.1K 91 19
                                    

ကလေးတွေနဲ့ ကစားနေသည့်သူသည်
ငါ့ကိုမြင်သွားသည့်ပုံ..။ လှုပ်ရှားမှုတွေ
အကုန်ရပ်တန့်သွားသည်..။ အရည်ကြည်လေးတွေလဲ့‌လာသည့် မျက်ဝန်းနှစ်စုံကိုလဲ သေချာပေါက်
မြင်လိုက်ပါသေးသည်..။ပြီးတော့ ထိုနေရာကနေ
ထပြေးသွားလေသည်..။

ငါထပ်ပြီး တုံ့ဆိုင်းမနေတော့ပဲ ထိုနေရာကနေ
ထွက်ခဲ့ပြီး အနောက်ကနေ ပြေးလိုက်နေမိသည်..။

အဖြူရောင်ကိုယ်ငယ်လေးသည် ဘယ်က
အင်အားတွေနဲ့များ ပြေးနေရတာလဲလို့
စဉ်းစားမိသည်..။ သို့ပေမယ့်လည်း
Omegaဖြစ်တာကြောင့် Alphaထက်
အင်အားပိုနည်းတာ အသေအချာပင်..။

နီးကပ်လာသည့်အခါကို ခါးသေးသေးလေးကို
အနောက်ကနေ ဆွဲဖတ်လိုက်သည်..။ ဖတ်လို့
ကောင်းလိုက်တာ အရင်အတိုင်းပဲ..။

" ထပ်ပြီး ထွက်မသွားပါနဲ့တော့ ကျေးဇူးပြုပြီး.."

ကိုယ်ငယ်လေးသည် ဘာစကားတစ်ခွန်းမှ
မဆိုပဲ အတင်းရုန်းနေသည်..။ ရုန်းနေတာကြောင့်
ပိုပြီး တင်းကျပ်အောင် ဖတ်ထားလိုက်သည်..။

ဒီတစ်ခါ လွတ်ထွက်သွားရင် ကိုယ်ရူးမှာ..။

" အများကြီးသတိရနေခဲ့တာ ကိုယ်‌က
စိတ်ကျေနပ်တဲ့အထိ တောင်းပန်မှာကြောင့်
ကျေးဇူးပြုပြီး ထပ်မထွက်သွားပါနဲ့.."

ကလေးတွေနဲ့ကစားနေတုန်း တွေ့လိုက်ရသည့်သူ..။
ငါ့စိတ်တွေရူးခါသွားမလိုပါလား..။ ဘာလို့
ဘာလို့ထပ်ပြီး လာတွေ့နေရတာလဲ..။
ရေစက်ဟာ မကုန်နိုင်ပါလား မင်းရယ်..။

ဝဲတက်လာသည့် မျက်ရည်တွေနဲ့အတူ
ငါထွက်ပြေးမိသည်..။ သို့သော်လည်း
သူသည် မိသွားခဲ့သည်..။ ခါးကို တင်းကျပ်စွယ
ဖတ်ပြီး ပြောနေသည့် စကားတွေသည်
တုန်ရီနေခဲ့သည်..။ ဘုရားစူး Dominant Alpha
သည် ငိုနေခဲ့တာလား..။

" လွှတ်!.."

" ဟင့်အင်း လွှတ်ပေးလိုက်ရင် ထပ်ပြီး
ပျောက်သွားမှာပေါ့..ဒီတိုင်းလေးပဲ ကိုယ်ပြောတာ
နားထောင်ပေး.."

" ငါ့ကိုလွှတ်!!.."

" ဆိုးလာလိုက်တာ.."

" မင်းနဲ့ပြောစရာ ဘာစကားမှ ရှိမနေဘူး
ဒီနေရာကနေ မင်းမသွားရင် ငါသွားမှာ
အဲ့တာကြောင့် ငါ့ကိုလွှတ်ပေး!!.."

NEVER { COMPLETE }Where stories live. Discover now