Ep-19

1K 83 10
                                    

" ပြောပါဦး လေးနှစ်လုံး ဒီနေရာမှာ
ရှိနေခဲ့တာလား.."

လက်လေးကို ခပ်ဖွဖွဆုတ်ကိုင်ပြီး
အနူးညံ့ဆုံးသော အသံအနေအထားနဲ့
မေးမြန်းလာသည့်သူဟာ အရင်က
Gemini နဲ့ကွဲပြားနေသည်..။

" ဟုတ်တယ် မင်းဆီကထွက်လာပြီးထဲက.."

" အဲ့တာဆို ကိုယ်တုံးတာပဲ ရှာဖို့နေရာကျန်ခဲ့တာ.."

တစ်နိုင်ငံလုံးကို ပတ်ရှာခဲ့ပါတယ် သို့ပေမယ့်
ဒီလိုရွာငယ်လေးတွေကိုတော့ ငါမေ့သွားခဲ့သည်..။

" ရှာခဲ့တာလား.."

" သေချာပေါက်ပေါ့..
ဘယ်လိုထွက်ပြေးသွားခဲ့တာလဲ.."

" Flora အကူအညီနဲ့.."

" Flora ဆိုတာ အစ်မမလား.."

" အင်းဟုတ်တယ်.."

" အဲ့နေ့က flora ရောက်လာတော့ Flora ဆီ
အကူအညီတောင်းခဲ့တာ သူက ဆေးရုံအုပ်နဲ့
ရင်းနှီးတယ်တဲ့လား..အခန်းတံခါးဖွင့်ပြီး
ထွက်သွားရင် cctvကနေ မြင်ရမှာဆိုးတာကြောင့်
‌ပြတင်းပေါက်ကနေ ဆင်းသွားခဲ့တာ..၂ထပ်ပဲ
ဆိုတော့ သိပ်မမြင့်ဘူးလေ.."

" ဆိုးလိုက်တာ အချစ်ရယ်.."

ခေါင်းလေးကို ခပ်ဖွဖွပုတ်လာသည်..။
သဘောကျလိုက်တာ ခေါင်းပုတ်ပေးတာကို
ငါအရမ်းသဘောကျသည်..။

" ငါ အခုလိမ္မာနေပါပြီနော်.."

" လိမ္မာရင် ဘန်ကောက်ပြန်လိုက်ခဲ့.."

" ဟင့်အင်း!..ငါ..ငါမလိုက်ချင်ဘူး.."

ကောင်လေးငယ်ဟာ ဘန်ကောက်လိုက်ဖို့
ခေါ်တော့ အသည်းအသန်ငြင်းလေသည်..။

" ဘာလို့လဲ.."

" ဒီနေရာက ဘန်ကောက်ထက် အများကြီးအေးချမ်းတယ် ဘာအပူအပင်မှ မရှိဘူး..ငါသဘောကျတယ်.."

" ခနလေးတောင် လိုက်လို့မရဘူးလား.."

" ဘာကိုလဲ.."

" ကိုယ့်မှာ ပြစရာတွေအများကြီးရှိတယ်.."

၄နှစ်အတွင်းမှာ Fourth ရဲ့ ပုံတူတွေကို
ဆွဲထားသည်က အမြောက်အမြားပင်..။
ကွန်ဒိုတစ်ခန်းလုံးနီးပါး အပြည့်ရှိနေခဲ့သည်..။
ရှာတွေ့ရင် သေချာပေါက် ပျော်အောင်လုပ်ပြီး
ဒါတွေကို ပြမယ်လို့ ရည်ရွယ်ခဲ့တာ..။

NEVER { COMPLETE }Where stories live. Discover now