Ep-15

1.1K 92 20
                                    

" Fourth ထအုံး.."

ဘယ်အချိန်ထဲက ဘယ်လိုအခန်းထဲရောက်နေမှန်း
မသိတဲ့Geminiသည်လက်ကိုဆွဲယူပြီး နိုးနေလေသည်..။မထချင်သေး‌ချင်သော်လည်း နိုးသွားတာကြောင့်ထရတော့သည်..။

" ဘာလဲ အိပ်နေတာကို.."

" ကိုယ်ကျောင်းသွားရမယ် presentation ရှိလို့
ဒီမှာ မနက်စာ ထားခဲ့တယ် ဆေးလဲ အဆင်သင့်ပဲ..
အရင်ထပြီး စားလိုက်ပါဦး ကျောင်းမသွားခင်
စားမစား စစ်ဆေးချင်လို့.."

" အေးဆေးသွားပါ စားလိုက်မယ်.."

" သေချာလား.."

" သေချာတယ်.."

" တကယ်နော်.."

" တကယ်တကယ်..ကလေးလားမင်းက.."

Geminiသည် အခုနောက်ပိုင်း အရမ်းပိုလွန်းသည်..။ စကားအပြောအဆို ဆက်ဆံရေးတွေဟာ
ဘယ်အခြေအနေမှန်း ငါမသိတော့ပါ..။
ဘေးမှာ Gemini မရှိရင် တစ်ခုခုလိုနေသလိုပဲ..။

" ပြန်လာရင် ဘာဝယ်ခဲ့ရမလဲ.."

" ဘယ်အချိန်ပြန်လာမှာလဲ.."

" ညနေလောက်မှ ပြီးမယ်ထင်တယ်.."

" ရေခဲမုန့်ဝယ်ခဲ့.."

" ဖြစ်လို့လား ကလေးနဲ့ကို.."

" ဖြစ်ပါတယ် ဝယ်ခဲ့.."

" ကောင်းပါပြီ စားထားလိုက်နော်
ကိုယ်သွားမယ် အော်ပြီးတော့ အင်္ကျီရော.."

" ရှိတယ်ဒီမှာ.."

Mate Alpha တွေဟာ အနားမှာမရှိပေးနိုင်တဲ့
အချိန်ကြရင် သူတို့ pheromones ရနံ့
စွဲကပ်နေသည့် အဝတ်အစားတစ်ခုခုကို
ပေးထားတက်ကြသည်..။

Geminiသည် Fourth ကို သူ့ pheromones
ရနံ့ရှိသည့် မီးခိုးရောင် shirt လေးတစ်ထည်အား
ပေးထားသည်..။

" သွားပြီနော်.."

" မင်းသွားပြီလို့သာပြောတာ
နေရာကမရွေ့သေးဘူး.."

အဆူခံလိုက်ရတာကြောင့် မျက်နှာဟာ
ချက်ချင်း ဆူပုတ်သွားသည်..။

" အဲ့လိုပြောရင် မသွားချင်တော့ဘူး.."

" သွားပါတော့ သွား! နောက်ကျနေမယ်.."

" ဟုတ်ပါပြီ တကယ်သွားပြီ ဂရုစိုက်နော်.."

" အွန်းပါ.."

NEVER { COMPLETE }Where stories live. Discover now