Extra

785 67 12
                                    

ရာသီသုံးဥ သုံးဥတုဟာ အစဉ်မပြတ်ပဲ
ပြောင်းလဲနေဆဲပင်..။ နွေရာသီဆိုပူပြီး
မိုးရာသီဆို စိုစွတ်မယ် ဆောင်းရာသီဆိုရင် အေးမြမယ် ဒါက ပုံမှန် ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာတွေပဲ
မဟုတ်လား..။

ရာသီဥတု သုံးဥတုလုံးကို အတူတူကျော်ဖြတ်ခဲ့ကြတဲ့
အချိန်တွေဟာ မနည်းတော့ပင်..။

__________________________________________

5 years later.....

ဒီနှစ် ဆောင်းရာသီဟာ ပုံမှန်ထက်ပိုပြီး အေးစိမ့်လာတယ်လို့ ငါခံစားမိသည်..။ ဘန်ကောက်မှာ
ကိုရီးယားလိုမျိုး နှင်းတွေတဖွဲဖွဲကျနေသည့်
မြင်ကွင်းမရှိသော်လည်း သူ့ဟာနဲ့သူတော့
နေလို့ကောင်းပြီး သာယာလှသည်..။

မနက်အိပ်ယာက ထပြီး ပြတင်းအား ငါဖွင့်ကြည့်လိုက်သည်..။ နှင်းတဖွဲဖွဲကျနေတာမျိုး မရှိသော်လည်း မနက်စောစောမို့ မြူတွေအနည်းငယ်
အုပ်ဆိုင်းလေ့ရှိနေတာကြောင့် မြင်ကွင်းဟာ
မှုန်ဝါးဝါးပင်..။

ခဏတာပဲကြည့်ပြီး အအေးဓာတ်တွေဟာ အခန်းထဲ
ဝင်ကုန်မှာ ဆိုးတာကြောင့် ငါပြတင်းပေါက်အား
ပြန်ပိတ်လိုက်သည်..။

လုပ်နေကျအတိုင်း တစ်ကိုယ်ရေသန့်ရှင်း
ရေးကိုသာ လုပ်ပြီး အခန်းထဲကထွက်ကာ
မီးဖိုချောင်ထဲငါဝင်ခဲ့သည်..။

အေပရွန်အားစဝတ်ပြီး ခေါင်းထဲမှာပေါ်လာသည့်
အတိုင်း ချက်ကြည့်မယ်ဟုဆိုကာ ရေခဲသေတ္တာထဲမှ
ပါဝင်ပစ္စည်းတွေအား အရင်ထုတ်နေတုန်း အနောက်ကနေ ခါးအား တွယ်ဖတ်လာသည့် လက်တစ်စုံကြောင့် ငါပြုံးလိုက်သည်..။

" ချက်တက်လို့လား.."

" အထင်သေးတယ်ပေါ့.."

" တကယ်မေးတာပါ.."

" ဟီး ချက်ကြည့်မလို့.."

5နှစ် အိမ်ထောင်သက် 5နှစ်ဆိုနဲ့ အတွင်းမှာ
ရာသီဥတုတွေဟာ ပြောင်းလဲသွားတာ
သူနဲ့ငါရဲ့ချစ်ခြင်းကတော့ ပြောင်းလဲခြင်း
မရှိပါ..။

အရင်အတိုင်း..ဒီကွန်ဒိုလေးမှာပဲ ငါတို့ရဲ့
နိဗ္ဗာန်ဘုံလေးကို တည်ဆောက်ခဲ့ကြသည်..။
ဘယ်ပဲဖြစ်ဖြစ် သူ့ဘက်က အပြည့်အဝ
နားလည်ပေးသလို ငါ့ဘက်ကလဲ သတိမမူတာကြောင့် 5နှစ်လုံးလုံး ငါတို့ အိမ်ထောင်ရေးဟာ
ရန်ငြိုးမရှိပဲ သာယာခဲ့သည်..။

You've reached the end of published parts.

⏰ Last updated: Jun 13 ⏰

Add this story to your Library to get notified about new parts!

NEVER { COMPLETE }Where stories live. Discover now