Ep-9

921 85 20
                                    

" ရှာမတွေ့ပါဘူး မမလေး.."

ထိုစကားအဆုံးမှာ သူမရုပ်ကြိုးပျက်သလို
ထိုင်ချမိသည်..။

ထိုနေ့က ကလေးငယ်ထွက်ပြေးသွားခဲ့တယ်..။
အမှီလိုက်ခဲ့ပေမယ့် တော်သည့်ကလေးဟာ
အစအနဖျောက်နိုင်ခဲ့တယ်..။

သူမမှာ အတော်လေးစိတ်ပူပန်ခဲ့ရတယ်..။
တစ်ခုခုဖြစ်သွားမှာ စိုးရိမ်တာပါ..။ Omegaလေး
ဖြစ်တာကြောင့် မကောင်းတဲ့ Alpha တွေ
လက်ထဲရောက်ရှိသွားမှာ သူမကြောက်မိသည်..။

လူအင်အားသုံးပြီး ရှာခဲ့ပေမယ့်လည်း ရှာမတွေ့ခဲ့..။
အပုန်းကောင်းလိုက်တာ ကလေးရယ်..။

" ဆက်ရှာ မတွေ့မချင်း.."

" ဟုတ်ကဲ့မမလေး.."

ဘယ်တွေရောက်‌နေလဲ..။ တစ်အိမ်လုံးက
ဘာမှမဖြစ်သလို နေနိုင်ကြပေမယ့်
သူမကတော့ ဘယ်လိုမှ မနေနိုင်ခဲ့ဘူး..။

ကိုယ်ဝန်ဖျက်ချဖို့သွားတဲ့နေ့မှာ ထွက်ပြေး
သွားတာကြောင့် ကလေးငယ်ဟာ မဖျက်ချ
စေချင်တာလား..ဒါပေမယ့် ကလေးငယ်
ကိုယ်တိုင်ဖျက်ချမယ်လို့ ပြောခဲ့တာမဟုတ်လား..။
မမထပ်ပြီး မှားခဲ့တာလား..။

အခု ဘယ်လိုနေ နေမလဲ..။ နေရောကောင်းပါ့မလား..။ သန်မာပေမယ့် ချူချာတဲ့ကလေးမို့လို့
သူမမှာ စိုးရိမ်ရသည်..။

ပြန်တွေ့ရင် အသက်ရှင်လျက် ပြန်တွေ့ချင်တယ်..
ကလေးငယ်..။ မင်းဘက်မှာ မမ‌ရှိနေပါသေးတယ်
ဆိုတာ တစ်ချိန်ချိန်မြင်လာမှာပါ..။

----------------------------------------

လော့ချပြီး တံခါးပိတ်ထားသည့် အခန်းတံခါးကို
ငါကြည့်မိသည်..။ မနေ့က ကိစ္စနဲ့ ပတ်သတ်ပြီး
သူတော်တော် ထိခိုက်သွားမယ်လို့ ငါထင်သည်..။

အသိစိတ်မဲ့နေတဲ့အချိန်မှာ ဖြစ်သွားတာကြောင့်
ငါဘယ်လိုမှ ထိန်းလို့မရခဲ့ဘူး..။ တမင်
ရည်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်မှန်း ငါကျိမ်ရဲသည်..။

ငါ့ဘက်က‌ကြည့်ရင်လည်း အခြေအနေတွေဟာ
ရှုပ်ထွေးနိုင်သည်..။ နောက်တစ်ပတ်ဆို
Rohaနဲ့ စေ့စပ်ရတော့မှာ mateရှိပြီးသား
Alpha တစ်ယောက်ဆိုတာ သိသွားခဲ့ရင်
ဘယ်သူကများ လက်ခံမှာလဲ..။

NEVER { COMPLETE }Where stories live. Discover now