End

933 82 25
                                    

ခရမ်းနုရောင်နဲ့ အဖြူရောင်ကို ရောစပ်ထားသည့်
ဖိတ်စာငယ်လေးကို ကိုင်ထားသည့် လက်တစ်စုံဟာ
တုန်ရီနေခဲ့သည်..။ ရင်တွေဟာလည်း အဆမတန်
ခုန်လွန်းနေသည်..။

ငါအခု ငါ့အရင်အိမ်ရှေ့မှာပင်..။ အကြောင်းကတော့
နောက်တစ်ပတ်ဆိုရင် ' မောင် ' နဲ့လက်ထပ်တော့မှာ
ဖြစ်တာကြောင့် ဘယ်လိုအကြောင်းတွေပဲရှိရှိ
ကိုယ့်မိဘ‌ဖြစ်တာကြောင့် အနည်းဆုံး
ပွဲတော့ တက်စေချင်မိပါတယ် မဟုတ်လား..။

အမွေဖြတ်စွန့်လွှတ်ထားတဲ့သားရဲ့ လက်ထပ်ပွဲကို
သူတို့က သားလို့မှတ်ပြီး တက်ပါ့အုံးမလား..။

ဖြူဖွေးပြီး တုန်ရီနေသည့် လက်တစ်စုံအား
ခပ်ညိုညို လက်တစ်စုံဟာ လာပြီး အုပ်မိုး
လာခဲ့သည်..။

" ဘာမှမဖြစ်ဘူး ကိုယ်ရှိတယ်
အဆင်ပြေသွားမှာ.."

" ငါကြောက်တယ်.."

ထိုအခါမှာ Gemini သည် ခန္ဓာကိုယ်ငယ်လေးကို
ရင်ခွင်ထဲဆွဲသွင်းပြီး ခေါင်လေးကို အသာအယာ
ပြုတ်ပေးရှာပြီး စိတ်သက်သာရအောင်
Pheromones ရနံ့တွေပါ ထုတ်လွှတ်ပေးသည်..။

" ကိုယ်လိုက်ခဲ့မယ် ဝင်ရအောင်.."

" အွန်း.."

ခြံတံခါးဘဲလ်အား တီးလိုက်တော့ ခြံစောင့်
ဦးလေးကြီးဟာ တံခါးလာဖွင့်ပြီး ငါ့အား
မြင်တော့ အံ့ဩကာ ဝမ်းသာအားရကြိုဆိုသည်..။

" သခင်လေး!!..တကယ်သခင်လေး
အစစ်ပါနော်.."

" ဟုတ်ပါတယ် ကျွန်တော်ပါ ပြီးတော့
သခင်လေးလို့မခေါ်ပါနဲ့တော့ fourth လို့ပဲ
ခေါ်ပါ.."

ခြံစောင့်ဦးလေးကြီး၏စိတ်ထဲမှာ အရင်လို
မဟုတ်တော့ပဲ မာနတွေကို ဖယ်ချလိုက်တော့
အေးအေးချမ်းချမ်းလေးဖြစ်နေတာပဲလို့
တွေးနေမိသည်..။

" ဒယ်ဒီနဲ့မာမီရှိကြလား.."

" ရှိတယ် လာ‌ဝင် အဲ့ထဲကို.."

ထိုအခါမှ ငါ ' မောင့် ' လက်အား ဆုတ်ကိုင်ပြီး
အိမ်ဝန်းထဲကို ခြေချခဲ့သည်..။

အိမ်ပတ်ပတ်လည်ကို ကြည့်မိတော့ ထူးထူး
ခြားခြားကြီး ပြောင်းလဲသွားတာမျိုး
မတွေ့ရပါ..။ အရင်တိုင်းလေးပဲ တည်ရှိ
နေတုန်းပင်..။

NEVER { COMPLETE }Where stories live. Discover now