Ep-21

836 68 18
                                    

" Gem ငါပြန်မှာလို့!!.."

၃ရက်ပြည့်သည့်နေ့မှာ Fourth သည်ပြန်ဖို့အတွက်
အကြောင်းဖန်လာသည်..။ မနက်ထဲအစောကြီးထဲက
အထုတ်တွေ သိမ်းနေလေရဲ့..။ အဲ့တုန်းကတော့
ဒီတိုင်းပဲ ကြည့်နေပြီး မတားခဲ့ပါဘူး..။

အခုတော့ တားမှရတော့မယ်..။ အိမ်မှာရှိတဲ့
အပြင်ထွက်လို့ရတဲ့တံခါးမှန်သမျှကို
အကုန်လော့ချထားလိုက်သည်..။
ဂျစ်တူးလေးသည် သူပြန်လို့မရလို့
ပြဿနာရှာနေသည်..။

" ငါဒီမှာမနေဘူး..မွန်းကျပ်တယ်.."

" ကိုယ်ကရော! ကိုယ်ကမင်းမရှိပဲ
မနေနိုင်ဘူးလေ ဒါကိုလဲ ထည့်တွက်ပေးအုံး!.."

" လာလည်လို့ရတာပဲ.."

ထိုစကားအဆုံးမှာ ငါသက်ပြင်းချလိုက်သည်..။
Fourth က သူ့ကို နားမလည်သေးဘူးပဲ..။
လာလည်လို့ရတာသိတာပေါ့..။ မနက်တိုင်း
ချစ်ရသူနဲ့မျက်နှာလေးမြင်ပြီး နိုးချင်သလို
ညဘက်ဆိုရင်လဲ အဲ့မျက်နှာလေး မြင်ပြီး
အိပ်ချင်ခဲ့တာလေ..။ တွေ့ရတာမှ ဘယ်လောက်မှ
မရှိသေးပဲ ထွက်သွားအုန်းမှာတဲ့လား..။

" ကောင်းပြီ သဘောပဲ သွား!.သွားချင်တဲ့
နေရာကိုသာသွား!!.."

Alpha tone နဲ့အော်သွားပြီး Geminiသည်
သူ့အခန်းထဲဝင်သွားကာ တံခါးကို ဝုန်းခနဲ
ပိတ်ချလိုက်တာကြောင့် ငါလန့်သွားသည်..။

ငါမှားသွားတာပဲ..သေစမ်း ဘာလို့
အဲ့လို သွားပြောမိတာပါလဲ..။ နားမလည်တာ
မဟုတ်ပါဘူး ငါနားလည်ပါတယ် ဒါပေမယ့်
ဒီလောက်ထိ စိတ်ဆိုးသွားမှန်း မသိလိုက်တာပါ
ငါတကယ်တုံးတာပါလား..။

ကိုယ်တိုင်လဲ ဘယ်ခွဲချင်ပါ့မလဲ..။ ဖြစ်နိုင်ရင်
Gemကိုပါ ခေါ်သွားချင်တာ သူက အလုပ်
တစ်ဖက်နဲ့ဖြစ်တာကြောင့် အခတ်တွေ့မှာ
ဆိုးလို့ရယ်..။

ချက်ချင်းပင် လက်ထဲက အထုတ်တွေကို
ပစ်ချပြီး Geminiအခန်းဆီလာခဲ့သည်..။
တံခါးလော့မချထားတာကြောင့် အလွယ်တကူ
ဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ကျောပေးပြီး
ထိုင်နေသည်..။ အနားသွားပြီး ‌သွေးကြောစိမ်းတွေ
ရှိနေသည့် ခပ်ညိုညိုလက်ကို ဆုတ်ကိုင်လိုက်သည်..။

NEVER { COMPLETE }Where stories live. Discover now