Ep-3

952 91 10
                                    

ဆေးရုံ၏ VVIP အခန်းတစ်ခု
ရုန်းရင်းဆန်ခတ်တွေ ဖြစ်နေသည်..။
အကြောင်းအရင်းကတော့ သခင်လေး
Nattawat ကြောင့်ပင်..။

" ဘာလို့မသေတာလဲ!! ဘာလို့ကယ်ခဲ့တာလဲ!.."

ထင်ခဲ့အတိုင်းပဲ နိုးလာခဲ့ပြီးသည့်နောက်မှာ
သူ့ကိုကယ်ခဲ့လို့ဆိုပြီး ပြောဆိုနေလေပြီလေ..။

" သေသွားရမှာ သေသွားမှ ငါလွတ်လပ်မှာ.."

" အဲ့လိုမဟုတ်ဘူးလေ Fourth ရယ်.."

" ထွက်သွား!! အကုန်ထွက်သွား..
တစ်ယောက်မှ မြင်ချင်ဘူး!!.."

" ဟုတ်ပြီ.."

ဝင်လာသမျှ သူနာပြုတွေ ဆရာဝန်တွေကို
အနားမှာရှိတဲ့ပစ္စည်းတွေနဲ့ လှမ်းပေါက်
နေတာကြောင့် Fourth စိတ်အခြေအ‌နေ
ခဏတာ ငြိမ်သွားအောင် သူတို့အကုန်လုံး
အပြင်ထွက်ခဲ့ကြသည်..။

အခန်းထဲမှာ ငါတစ်ယောက်ထဲကျန်ခဲ့ပြီလေ..။
ဆေးရုံတဲ့ အရမ်းမုန်းဖို့ကောင်းတာပဲ..။
ငါမကြိုက်ဘူး ပိုးသတ်ဆေးနံ့တွေ
မွှန်လွန်းတယ်..။

သေသွားဖို့ မျှော်လင့်ခဲ့တာ..ထိုလူတွေ
ထိတွေ့ခဲ့တဲ့ ငါ့ခန္ဓာကိုယ်ငါ ရွံလွန်းလို့..။
အခုဆို ဒယ်ဒီကလဲ ငါ့ကိုသတ်ပစ်ချင်
နေလောက်ပြီလေ..။ ငါဟာ အားနည်းတဲ့
Omega တစ်ယောက်ဆိုတာလဲ
တစ်လောကလုံး သိပြီးလောက်ရောပေါ့..။
ကြည့်မရတဲ့သူတွေအတွက်တော့ သတင်း
ကောင်းတစ်ခုဖြစ်မယ်ထင်တယ်..။

အဲ့လောက်ထိ ပျော်စရာကောင်းတဲ့ဘဝကြီးကနေ
ထွက်သွားချင်မိခဲ့တာ ငါမမှားပါဘူး..။
ငါမရှိရင် ပိုလို့တောင် ပျော်စရာကောင်းအုန်းမှာ
မဟုတ်လား..။

ပြီးတော့ Gemini Norawit
အမုန်းဆုံးလူပဲ..။ သူ့ကြောင့်..ငါဒီလို
ဖြစ်ရတာ လုံးဝအခဲမကျေနိုင်ဘူး..။
ငါ့ဘဝ..ငါ့မာနတွေ အကုန်ရေစုန်မျော
သွားခဲ့ပြီ..။ လှောင်ပြောင်နေကြတော့မှာပဲ..။

" ဘယ်မှာလဲ အဲ့ကောင်!.."

" စိတ်ထိန်းပါဒယ်ဒီရယ် Fourth က
အခုမှ နိုးခါစပဲ ရှိသေးတာပါ.."

ဒယ်ဒီသည် ဆေးရုံကို ချက်ချင်းရောက်လာခဲ့ပြီး
Fourth လေးကို ပြဿနာရှာဖို့အတွက် လုပ်နေသည်..။ သူမအတက်နိုင်ဆုံး အခြေနေကို
ထိန်းထားနိုင်မှ ဖြစ်မယ်..။

NEVER { COMPLETE }Where stories live. Discover now