Ep-16

1K 90 14
                                    

အိမ်ကနေ ဆေးရုံကို အလျင်အမြန်မြန်လာခဲ့သည်..။
Hanနဲ့ထားခဲ့ရတယ်ဆိုပေမယ့်လည်း စိတ်ကမချပါ..။ ဆေးရုံနဲ့ အိမ်ဟာ သိပ်မဝေးတာကြောင့်
မိနစ်အနည်းငယ် ကြာသည့်အချိန်မှာ
ပြန်ရောက်လာခဲ့သည်..။

ဆေးရုံကော်ရစ်တာတစ်လျှောက် လူတွေဟာ
ပြည့်နှက်နေသည်..။ အလုပ်ရှုပ်တဲ့သူကရှုပ်နဲ့
ဒါဟာ ပုံမှန်လိုပါပဲ..။

" Hanမင်းဘာလုပ်နေတာလဲ.."

" အော် ရောက်တောင်ရောက်လာပြီလား
ငါဗိုက်နာလို့ အိမ်သာဝင်နေတာ..ဟီး.."

Hanသည် သွား၃၂နှစ်ကျောင်းလုံး
ဖြီးပြပြီး ဖားပေမယ့်လည်း လျစ်လျူရှု
ခံခိုက်ရတာကြောင့် မျက်နှာဟာ မဲ့သွားသည်..။

Fourth ရှိရာ အခန်းကို ခြေလှမ်းကျဲ‌ကြီးတွေနဲ့
လျှောက်လှမ်းနေမိသည်..။ အခန်းရှေ့ရောက်တော့
သက်ပြင်းတစ်ချက်ချပြီး တံခါးဖွင့်လိုက်တဲ့အခါ
မြင်လိုက်ရသည် မြင်ကွင်းဟာ ငါ့ကို
ရူးသွပ်သွားစေသည်..။

ကုတင်..ဗလာနတိဖြစ်နေသည့် ကုတင်
တစ်လုံးသာရှိသည်..။ သူ..သူ ဘယ်ရောက်
သွားတာလဲ..။

Hanသည်လည်း နားမလည်နိုင်..။
ခဏလေးပါပဲ ခဏလေးအတွင်းမှာကို
ဖြစ်သွားခဲ့တာ..။ Hanသည် ကိုယ့်ကိုကိုယ်
အပြစ်တင်နေမိသည်..။

Geminiသည် တစ်ခန်းလုံး နှံ့စပ်အောင်
ရှာဖွေနေသည်..။ သို့ပေမယ့် အရိပ်အယောင်တောင်
မတွေ့ရပါ..။ အရိုးပြာအိုး..ကလေးရဲ့ အရိုးပြာအိုးပါ မရှိတော့ဘူး သူယူသွားခဲ့တယ်..။

" Gemini ဘယ်သွားမလို့လဲ.."

Geminiသည် အခန်းအပြင်ပြေးထွက်သွားတာကြောင့် အနောက်ကနေ လိုက်မိသည်..။
ဖြတ်သွားဖြတ်လာလူ‌ေတွကတော့ ကွပ်ကြည့်နေသည်..။

ဓာတ်လှေကားခလုတ်ကို ထပ်ခါထပ်ခါ
နှိပ်နေမိသည်..။ ဘာလို့ အဲ့လောက်ကြာနေရတာလဲ..။ ပုံမှန်ထက်ကို ပိုပြီး ကြာလွန်းနေသည်..။

စိတ်မရှည်စွာပဲ လှေကားပေါ် ဦးတည်လိုက်သည်..။
လှေကားထစ်ပေါင်းများစွာကို တုန်ရီစွာနဲ့
တက်နေမိသည်..။ ဆေးရုံခေါင်မိုးထက်..။
လှေကားထစ်‌ဆုံးသွားတဲ့အခါမှာတွေ့လိုက်ရသည့်
တံခါးအား ဆွဲဖွင့်လိုက်သည်..။

NEVER { COMPLETE }Where stories live. Discover now