Ep-7

931 87 17
                                    

" Gemမာမီ့ကိုပြောအုံးလေ ဘာလို့
သူ့ကို ဘာလို့အိမ်ခေါ်လာရတာလဲ.."

" ကျွန်နော်မသိဘူးမာမီ လောလောဆယ်
သူ့ကိုပြန်ပို့လို့မရဘူး.."

" ဘာကိုမရတာလဲသား မာမီရှင်းရှင်းလင်းလင်း
သိချင်တယ်.."

" သူ့ပုံစံက မာမီ့အမြင်မှာ အဆင်ပြေတယ်
ထင်လို့လား မာမီ.."

" နာမည်ပျက်ရှိတဲ့သူကို အိမ်ပေါ်တင်ထားရင်
မာမီတို့ အိမ်တော်လဲ ထိခိုက်တယ် ပြီးတော့
နောက်တစ်ပတ် rohaလေးနဲ့ စေ့စပ်ရမှာ
သူစိမ်း Omega တစ်‌ယောက် အိမ်မှာရှိနေတာ
မကောင်းဘူးသား.."

" စိတ်ရှုပ်တယ်မာမီရာ!!.."

တစ်ခါမှ အမေဖြစ်သူကို ပြန်ခံမပြောဘူး
မအော်ဘူးသည့် Gemini သည် အခု
သူ့အမေကို အော်လိုက်တာကြောင့်
အနားမှာရှိနေသည့် အိမ်ဖော်ကောင်မလေး
တွေကလဲ ကွက်ကြည့်နေကြသည်..။

" နင်တို့ဘာကြည့်နေတာလဲ အကုန်သွားကြ!!.."

တစ်ခါမှ ပြန်မပြောဘူးသည့် သားဖြစ်သူသည်
ပြန်ခံပြောပြီး အော်ပါအော်သွားတာကြောင့်
သူမ ဒေါသထွက်နေသည်..။ တစ်ဆက်ထဲ
လူတွေရှိနေတာကြောင့် ရှက်စိတ်တွေပါ
ဝင်လာသည်..။

အခုမှစရောက်ရုံပဲ ရှိသေးတယ် ကံဆိုးမှုတွေ
စပေးတော့တာပဲ Fourth Nattawat..။

အပေါ်ထပ်ကနေ ‌မြင်နေရတဲ့ အောက်က
မြင်ကွင်းဟာ အလွန်အားရဖွယ်ပါပဲ..။

အသံတွေကြားလို့ မနည်းအပြင်ထွက်ကြည့်တာ
မြင်ကွင်းက ငါ့ကိုစိတ်မပျက်စေဘူး..ဟက်..။

Gemini နဲ့ ငါ့ကြောင့်နဲ့ သူ့အမေကို
ပြန်ခံပြောနေသည်တဲ့လေ..။ တစ်ခါမှ
မမြင်ဘူးတဲ့ မားမားဘွိုင်းလေးရဲ့
မြင်ကွင်းပါလား..။

အရမ်းအားရတယ်..။

အဲ့တာကြောင့် ငါစဉ်းစားမိသည်..။ ငါသာ
ဒီအိမ်မှာ ဆက်နေလိုက်ရင် သူတို့သားအမိ
နေ့တိုင်း ကတောက်ကဆဖြစ်နေမလားပဲ..။

ပွဲကြည့်တာပေါ့ ငါကပွဲကြည့်ရတာ ကြိုက်တယ်..။

" မင်းဘာလုပ်နေတာလဲ ဒီမှာ.."

လှေကားပေါ်တက်လာသည့် Gemini နဲ့
တန်းတွေ့သည်..။ ကြည့်နေသည့်နေရာသည်
လှေကားနားမှာဖြစ်တာကြောင့် မဟုတ်လည်း
တွေ့မှာပဲ‌ပင်..။

NEVER { COMPLETE }Where stories live. Discover now