Ep-13

1K 86 19
                                    

မနက်ဖြန်ဆိုတာ ကြိုတင်ခန့်မှန်းလို့မရနိုင်တဲ့
အရာတဲ့..။ ငါ့အတွက်တော့ မနက်ဖြန်လဲ
ဒီသံသရာထဲမှာပဲ လည်ပတ်နေအုန်းမှာပဲ..။

" Fourth ငါပါ.."

အခန်းအပြင်က တံခါးခေါက်သံနဲ့အတူ
ငါ့အတွေးတွေဟာ လွင့်ပျယ်သွားခဲ့သည်..။
ထိုင်နေရာကနေ ထပြီး တံခါးသွားဖွင့်
ပေးလိုက်တော့ Gemini အား တွေ့ရသည်..။

" ငါ..ငါrohaနဲ့သွားတွေ့မလို့.."

" သွားလေ ငါနဲ့မှမဆိုင်တာ မင်းဘာ့သာ
သွားချင်တဲ့နေရောသွားပြီး ပြန်လာချင်တဲ့
အချိန်ပြန်လာ..ငါနဲ့မဆိုင်ဘူး.."

" ဒါပေမယ့်မင်းက.."

" ငါအဆင်ပြေတယ်.."

" ကောင်းပြီ.."

*ဒုန်း..*

ကျယ်လောင်စွာပိတ်သွားသည့် တံခါးကို
ငါကြည့်နေမိသည်..။ Fourth သည် ပြန်လာထဲက
စိတ်ဓာတ်ကျနေတယ်ဆိုတာကို ငါသိသည်..။

အရင်ကလဲ ဒီတိုင်းဘာမှမပြောပဲအပြင်သွားနေကြ
ဆိုပေမယ့် ဒီနေ့မှ mateအနေနဲ့ ခွင့်တောင်းကြည့်ရင် ကောင်းမလားဆိုသည့် အတွေးဟာ
ဘာအကြောင်းကြောင့် ပေါ်လာမှန်းလဲ
မသိပါ..။

" သား ဘယ်သွားအုန်းမလို့လဲ.."

အောက်ဆင်းလာသည်နှင့် ထုံးစံတိုင်းမာမီနဲ့
တန်းတိုးသည်..။

" Rohaဆီပါ.."

" အော်ဟုတ်လား အဲ့တာဆိုခဏလေး
မာမီ rohaလေးကို ပေးစရာလေးရှိလို့
သွားယူလိုက်ဦးမယ်.."

" ဟုတ်ကဲ့.."

မာမီသည်သူ့အခန်းထဲကနေ တစ်ခုခုသွားယူနေတာကို
ငါဧည့်ခန်းထဲမှာ ထိုင်ပြီး စောင့်နေလိုက်သည်..။

ခဏအကြာမှာ မာမီသည် လက်ထဲမှာ
ပစ္စည်းတစ်ခု‌ကိုင်ပြီး ထွက်လာခဲ့သည်..။

" သားရော့ သေချာပေးလိုက်နော် ဒါက
မာမီတို့ ချွေးမဖြစ်လာမဲ့သူလက်ထဲပဲ
ရောက်ရမှာ.."

လက်ထဲထည့်လိုက်သည့် ဘူးလေးအားဖွင့်ကြည့်
လိုက်တော့ နီလာလက်ကောက်လေးတစ်ခုပါပဲ..။
အရင်က မာမီဝတ်တာ တွေ့ဖူးသည်..။ ဘယ်လို
အဓိပ္ပာယ်မှန်း မသိပေမယ့်လည်း ကြားဖူးတာက
Titicharoenrak အိမ်တော်ရဲ့ ချွေးမတွေရဲ့
ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့အရာဆိုပဲ..။

NEVER { COMPLETE }Where stories live. Discover now