Ep-4

916 78 10
                                    

ပုံမှန်အတိုင်းပဲ နိုးထလာခဲ့သည်...။
ငါအခုထိ ဆေးရုံမှာပဲ ရှိနေတုန်းပင်..။
ညကမက်ခဲ့တဲ့ အိမ်မက်ရဲ့ အဓိပ္ပာယ်ကိုလဲ
ငါသိချင်နေသည်..။

" Fourth လေးနိုးပြီလား.."

မမြင်ချင်တဲ့သူဖြစ်တဲ့ ငါ့အစ်မဟာ
အခန်းထဲဝင်လာပြီးအသံဆာဆာလေးပြုလေသည်..။အရှေ့မှာသာ ကောင်းပြပေမယ့်
နောက်ကွယ်မှာ ဘာတွေလုပ်နေမှန်း ခန့်မှန်းလို့
မရဘူးလေ..။ ဘယ်သူ့ကိုမှ မယုံကြည်သင့်ဘူ..။

" မနက်စာ ဘာစားမလဲ မမသွားဝယ်ပေးမယ်.."

" စားချင်စိတ်မရှိဘူး.."

" အဲ့လိုလဲ မဟုတ်ဘူးလေ နည်းနည်းတော့
စားလိုက်ပါ လိမ္မာပါတယ်.."

" ဘယ်သူက လိမ္မာနေလို့လဲ နေမယ်ဆိုရင်လဲ
ပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်နေ!!
အာရုံနောက်တယ်.."

" ဟုတ်ပါပြီ..ကလေးရယ်.."

သူမကိုမြင်ရတာ Fourth အတွက်
စိတ်အနှောက်အယှက်ဖြစ်မှန်း သူမသိပေမယ့်
သွေးသားအရင်းအချာဆိုတော့ Fourth က
ပစ်ပယ်ရင်တောင် သူမဘက်က ဘယ်လိုမှ
မလွန်ဆန်နိုင်ဘူးမဟုတ်ဘူး..။

ကုတင်ပေါ် ငုတ်တုတ်လေးထိုင်ပြီး
ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည့်
Fourth ဘေးနားမှာ သူမ ငြိမ်ငြိမ်လေး
ထိုင်နေပေးလိုက်သည်..။

သို့ပေမယ့် ဒီည‌နေ ဆေးရုံ‌ဆင်းလို့ရပြီ
ဖြစ်ကြောင်း သူမပြောပြဖို့ လိုအပ်နေသည်..။

" Fourth ညနေကြရင် ဆေးရုံဆင်းလို့ရပြီ
သိလား..အရင်တိုင်းပဲ နေကြတာပေါ့.."

အရင်တိုင်းပဲ ဆိုတဲ့ စကားက ငါ့အတွက်
လှောင်ပြောင်နေသလိုပဲ..။ သိက္ခာတွေ
မာနတွေ ရစရာမရှိအောင် ထိခိုက်ပြီးမှ
အရင်တိုင်းပြန်နေဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..။

အပြင်ကိုခြေတစ်လှမ်း လှမ်းလိုက်ရုံနဲ့
လူတွေရဲ့ လှောင်ပြောင်မှုတွေ ကဲ့ရဲ့မှုတွေက
ကြောက်စရာကောင်းလွန်းတယ် မဟုတ်လား..။

စုတ်ပြတ်သတ်သွားခဲ့ပြီ အနာဂတ်ဆိုတာလဲ
ဘာမှန်းမသိတော့ဘူး..။ ရှေ့ဆက်ပြီး
အဲ့ဒီ့ လှောင်ပြောင်မှုတွေကို ရင်ဆိုင်မဲ့
အစား သေသွားတာကမှ ငြိမ်ချမ်းအုန်းမယ်..။

NEVER { COMPLETE }Where stories live. Discover now