Ep-8

1K 93 12
                                    

နေ့လည်ရောက်တော့ ငါအတော်လေးပျင်းနေပြီ..။
ဒီအခန်းထဲမှာလဲ ဘာမှမလုပ်စရာမရှိဘူး..။

အမဲနဲ့အဖြူကိုသာ အဓိကသုံးထားသည့်
အခန်းထဲမှာ ထူးထူးခြားခြားရယ်တော့ သိပ်မရှိ
ကြီးမားသည့် ကုတင်တစ်လုံး ဆိုဖာရယ်
အဝတ်ဗီရိုကြီးရယ် စာရေးစာပွဲခုံရယ်ပဲ ရှိသည်..။
Tvလည်းရှိပေမယ့် ကြည့်ချင်စိတ်မရှိ..။
လူက ရေမချိုးရသေးတော့ မနေတက်တော့ဘူး..။

ထိုအချိန် Gemini သည် အခန်းထဲဝင်လာတာကြောင့် ငါလှမ်းမေးလိုက်သည်..။

" ‌ငါရေချိုးချင်တယ်.."

" ချိုးပေါ့.."

" ဝတ်စရာမရှိဘူး.."

ထိုအခါမှ ငါ သတိရ‌သွားသည်..။ သူ့ဆီမှာ
ရေချိုးပြီးရင် ဝတ်စရာမှ မရှိတာ..။ အလောတကြီး
ဆို‌တော့ မဝယ်ရသေးတာလဲ ပါမယ်..။

" လာဒီကို.."

ကုတင်ပေါ်ထိုင်နေသည့်ငါ့ကို လက်မောင်းကနေ
ဆွဲမပြီး အဝတ်ဗီရိုနားခေါ်သွားသည့် သူ..။

အရောင်စုံရှိနေသည့် ဗီရိုထဲကနေ အင်္ကျီတစ်ထည်အား ထုတ်ပြီး ငါ့ကိုယ်ပေါ်ကပ်ကာ တိုင်းကြည့်
နေသည်..။

" မင်းခန္ဓာကိုယ်က တော်တော်သေးတာပဲ.."

ထိုအခါ ငါမျက်နှာပျက်သွားခဲ့သည်..။
Omega ပီပီ သေးသွယ်လှတဲ့ ခန္ဓာကိုယ်ကို
ပိုင်ဆိုင်ထားရတာကြောင့် ငါသဘောမတွေ့ခဲ့..။

Gymကို ကြိုးစားပြီး ဆော့ကြည့်သေးပေမယ့်
ဘာမှမထူးလာပါ အဲ့နောက်မှာ ငါ့ခန္ဓာကိုယ်က
ကောက်ကြောင်းကို မမြင်ရအောင် အဝတ်အပွကြီး
တွေ ဒါမှမဟုတ် နှစ်ထပ်လောက်ခံပြီး ဝတ်သည်..။

" ရော့ ဒါဝတ်လိုက် ဒီ့ထက်သေးတာ
မရှိတော့ဘူး.."

" ကြီးတာပဲပေး.."

" ဘာလို့.."

" စကားများတယ်.."

ငါမျက်စောင်းတစ်ချက်ထိုးလိုက်သည်..။
အဝတ်အစားလဲပေးသေးတယ် အပြောလဲ
ခံရသေးတယ်ဆိုတော့ Fourth Nattawat က
ဟုတ်မနေဘူး..။

အဝတ်ဗီရိုထဲက ငါ့ရဲ့ shirt အပွကို ထုတ်ပေးလိုက်သည်..။ အရပ်မညီတာကြောင့် ဘောင်းဘီကို
ခပ်တိုတိုထဲက ရွေးပေးလိုက်သည်..။

NEVER { COMPLETE }Where stories live. Discover now