Ep-22

1.1K 73 13
                                    

ဒီနေ့ငါနဲ့Gemတစ်နေကုန် လျှောက်လည်ကြသည်..။ ချစ်သူရည်းစားတွေအတွက်တော့
လျှောက်လည်တာဟာ ပုံမှန်လိုပဲ..။

အခု Gemini ရေခဲမုန့်သွားဝယ်နေတာကို
ငါခုံတန်းလေးမှာ ထိုင်စောင့်နေတာပင်..။

ဘယ်လောက်မှမကြာပါ ရေခဲမုန့်နှစ်ခွက်အား
ကိုင်ပြီး ခြေတံရှည်တွေနဲ့သူဟာ ရှေ့ကို
ရောက်လာပြီး လက်ထဲက ရေခဲမုန့်
တစ်ခွက်ပေးကာ ဘေးနားဝင်ထိုင်သည်..။

" မင်းမစားဘူးဆို.."

" မစားဘူးလေ အပိုဝယ်လာတာ..
ကုန်ရင် ထပ်စားလို့ရ‌အောင်.."

တခစ်ခစ်ရယ်နေပြီး ‌စတော်ဘယ်ရီ ရေခဲမုန့်အား
အရသာခံကာ စားသုံးနေသည်..။ ဒီနေ့ဝတ်ထားသည့်
ပုံစံလေးဟာတအားပင် ချစ်စရာကောင်းနေသည်..။
အဖြူရောင် shit ကိုမှ အပေါ်ကနေ ခရမ်းရောင်
Vestလေးထပ်ဝတ်ထားပြီး ဘောင်ဘီဟာလဲ
အတိုလေးပင် ဝတ်ထားသည့် ခြေအိတ်ကအစ
Smile ခြေအိတ်နဲ့ အသည်းယားလွန်းလို့
မျိုချထားလိုက်ချင်တယ်..။

ရေမဲမုန့်စားနေတာကအစ ချစ်စရာကောင်းလွန်းနေသည်..။ ကလေးလို ပေအောင်လဲ စားတက်
သေးသည်..။

" ကိုယ်လုပ်မယ်.."

နှုတ်ခမ်းထောင့်လေးမှာ ပေနေသည့်
ရေခဲမုန့်ခရင်ကို လက်ဖြင့် သုတ်ပစ်ဖို့
အတွက်ကြိုးစားနေသည့် fourth ကို
ငါတားဆီးလိုက်သည်..။

မျက်နှာဟာ တဖြေးဖြေးနီးကပ်လာပြီး
ထိုနေရာလေးအား ခပ်ဖွဖွနမ်းကာ
ပေနေသည့်အရာအား ဖယ်ရှားလိုက်တော့
ကောင်လေးငယ်သည် ပုခုံးကိုရိုက်ကာ
မကျယ်မတိုးအသံအနေအထားဖြင့် အော်လာသည်..။

" လူတွေရှိနေတယ်လေ!.."

" ဘာဖြစ်လို့လဲ ကိုယ့်ရည်းစားကိုယ်နမ်းတာပဲကို.."

" ဒါပေမယ့် ငါရှက်တယ်.." လို့ဆိုပြီး
ခေါင်းလေးဟာ အောက်ကို ငုပ်ကျသွားတာကြောင့်ငါအသည်းယားစွာ ထိုခေါင်းလေးကို ပွတ်သပ်လိုက်သည်..။

" Gemini.."

ကြားဖူးသလိုလိုရှိသည့် အသံကြောင့်
ငါရော fourth ပါ လှည့်ကြည့်လိုက်သည်..။

အနောက်အားလှည့်ကြည့်လိုက်တော့ တစ်ချိန်က
ပတ်သတ်ခဲ့ဖူးသည့်သူဟာ အံ့ဩသလို
ပုံစံဖြင့် ကြည့်နေလေသည်..။

NEVER { COMPLETE }Where stories live. Discover now