Ep-10

939 87 15
                                    

" သား မာမီမေးစရာရှိတယ်.."

မာမီနဲ့တူတူ ညစာစားနေတုန်းမှာ မာမီဟာ
စကားစပြောလာခဲ့သည်..။ အခုနောက်ပိုင်း
မေးစရာရှိတယ်ဆိုရင် အလိုလိုလန့်နေမိသည်..။
ငါလုံးဝလိပ်ပြာမလုံပါ..။

" မေးလေ မာမီ.."

" Mateရှိနေတာလားသား.."

လက်ထဲမှာကိုင်ထားသည့် ဇွန်းနဲ့ခရင်းဟာ
ပြုတ်ကျသွားခဲ့သည်..။ ကမ္ဘာကြီး
ရပ်တန့်သွားသလို ခံစားရပြီး တစ်ဆက်ထဲ
လက်တွေပါတောင်လာခဲ့သည်..။

မာမီဘယ်လိုသိသွားခဲ့တာလဲ..။ ငါဘာဆက်
လုပ်ရတော့မှာပဲ..။ ဒီလောက်ပွင့်ပွင့်လင်းလင်း
မေးနေမှတော့ ငါ့ဘက်က ငြင်းလို့ မရတော့ဘူး..။
ပြောရ‌တော့မှာလား..။

" မာမီဘယ်လိုသိတာလဲ.."

" သားမာမီ့ကို ဒီလိုပြန်မေးတော့မယ်ဆိုတာ
သိတယ်  သားကိုမာမီကိုယ်တိုင်မွေးထုတ်
ထားတာပါ.."

လိမ်ပြောမရတဲ့အခြေအနေမှာ ငါဘာဆက်
လုပ်ရမှန်းမသိတော့ဘူး...။ စိတ်လှုပ်ရှားတဲ့
အချိန်အတိုင်း လက်ချောင်းတွေကိုယှက်နွယ်ပြီး
ကုတ်ဖဲ့တက်တာလည်း အကျင့်တစ်ခု..။

" ဘယ်သူလဲဆိုတာ မာမီမသိချင်ဘူးသား
ဒါပေမယ့် မာမီ Rohaနဲ့ စေ့စပ်ပွဲကို
မဖြစ်ဖြစ်အောင် လုပ်မှာ.."

ငါ့မာမီ့ကို အံ့ဩစွာပင် လှည့်ကြည့်မိသည်..။
မာမီသည် အအေးခွက်ကို ခြေချိတ်ပြီး
ဘာမှမဖြစ်သလို သောက်နေသည်..။

ငါအစက စေ့စပ်ပွဲဖျက်ရင်ကောင်းမလားလို့
တွေးမိသည်..။ mateရှိရဲ့သားတဲ့ တစ်ဖက်သားကို
လက်ထပ်ယူတာ Roha အတွက်လဲမကောင်းဘူး
မလား အနည်းဆုံးတော့ rohaမျက်နှာမငယ်ရအောင် စေ့စပ်ပွဲဖျက်ဖို့အတွက် တွေးထားပေမယ့်
မာမီ့၏စကားကြောင့် ငါဘာမှလုပ်လို့မရတော့ဘူး..။

" မာမီ ကျွန်တော်.."

" မာမီဘာမှမကြားချင်ဘူးသား သားအနေနဲ့
အခုအချိန်မှာ အဆင်သင့်ဖြစ်အောင်လုပ်ထားရမှာလေ ၂ရက်၃ရက်အတွင်းရောက်လာတော့မှာ.."

ပြောမဲ့စကားတွေဟာ လေဟာနယ်ထဲမှာတင်
ပျောက်သွားရှာသည်..။ သက်ပြင်းတစ်ချက်
ချလိုက်ပြီး မာမီ့စကားကို ငါလက်ခံ
လိုက်သည်..။

NEVER { COMPLETE }Where stories live. Discover now