Ep-11

922 83 14
                                    

" အဲ့တော့ မင်းက သူ့mateဖြစ်သွားတယ်ပေါ့.."

" အေး.."

အခြေအနေတွေကြောင့် ကျောင်းကို
မလာဖြစ်ပဲ နားထားရတာ..။ နည်းနည်း
ပြန်တည်ငြိမ်လာသည့် အချိန်မှာ
ကျောင်းကို ပြန်လာရသည်..။

ရောက်သည်နှင့် Hanသည် အတင်းတွေ
မေးနေတာဖြစ်တာကြောင့် ဖြစ်ပျက်သမျှ
အကုန်ပြောပြလိုက်ရတော့သည်..။

ငါ့ရဲ့ ပုံပြင်အရှည်ကြီးကို နားထောင်ပြီးသွားသည့်
နောက်မှာ Hanသည် သက်ပြင်းအရှည်ကြီး
ချကာ ထိုမေးခွန်းကိုမေးသည်..။

" ‌မင်းဟာကမမိုက်ပါဘူးကွာ တစ်ဖက်ကလဲ
Rohaနဲ့ စေ့စပ်ထားသေးတယ် တစ်ဖက်ကလဲ
Mateနဲ့ဆိုတော့ မင်းနှစ်ယောက်စလုံးယူမလို့လား.."

" ဘယ်ကသာ.."

" မင်းတစ်ခုကိုစွန့်လွှတ်ရမယ်လေ rohaလား
Fourth လား fourth ဆိုတာထက်
မင်းကလေးကိုပေါ့.."

လက်မှာ ဝတ်ထားသည့် စေ့စပ်လက်စွပ်ကို
ငါကြည့်နေမိသည်..။ သေချာပေါက် လက်ထပ်ယူ
ပါ့မယ်လို့ ငါrohaကို ကတိပေးခဲ့ဖူးသည်..။
Rohaကို မရွေးနိုင်ခဲ့ရင် သစ္စာ‌ဖောက်သလို
ဖြစ်သွားနိုင်သည် မဟုတ်လား..။

Fourth Nattawat ဆိုတာထက်
သူ့ဆီမှာ ရှိနေသည့် ငါ့ကလေးလေး..။
အခုအချိန်မှာ အိမ်ပေါ်ခေါ်တင်ထားရတာလဲ
ဒီကလေးကို ထိခိုက်မှာ စိုးရမ်လို့သာ..။

ဒီရွေးချယ်မှုက ငါ့အတွက် အရမ်းခတ်ခဲလွန်းသည်..။ ငါလုံးဝ မရွေးနိုင်ဘူး..။

" ငါမသိဘူး.."

" မသိလို့မရဘူးလေ မင်းပြတ်ပြတ်သားသား
ရွေးမှဖြစ်မှာ ငါသာ မင်းနေရာမှာဆိုရင်
Fourth Nattawat ကိုရွေးတယ်.."

" ဘာလို့လဲ.."

" မင်းစဉ်းစားကြည့်လေ..မင်းနဲ့သူနဲ့က
အခုဆို mateတောင် ဖြစ်နေပြီ တကယ်လို့
မင်းတစ်ခြားomegaနဲ့ အတူတူရှိနေမယ်ဆိုရင်တောင် မင်းနဲ့သူက တစ်သက်လုံး
ဆက်နွယ်နေမှာလေ နောက်တစ်ချက်က
ကလေး Fourth Nattawatကို မချစ်ရင်တောင်
အနည်းဆုံး မင်းကလေးဖြစ်တာကြောင့် ကလေးကိာ
မင်းသေချာပေါက် ချစ်တယ် ဘယ်လိုလဲ
ဖြစ်ဖြစ် ကလေးမွေးလာခဲ့ရင် မင်းတို့ကြားမှာ
အဆင်ပြေသွားမယ်လို့ ငါထင်တာပဲ.."

NEVER { COMPLETE }Where stories live. Discover now