Ep-5

938 84 13
                                    

မှန်တွေကို ထုခွဲဖို့အတွက် ကြိုးစားနေသည့်
လက်တစ်စုံ..။

တားစီးမဲ့သူမရှိတာကြောင့် သူဟာ
စိတ်လွတ်လက်လွတ်ဖြစ်နေသည်..။

မီးအိမ်အားကိုင်ကာ ခိုင်လှပါသည်ဆိုသည့်
မှန်ကြီးကို ထုခွဲ‌နေသည်..။ မှန်တွေဟာ
တစ်စတစ်စအက်ကွဲနေခဲ့သည်..။
အားနည်းနေပုံပေ့်ပေမယ့် သူဟာ
စိတ်အားထက်သန်နေသည်..။

သူလိုချင်တဲ့ အပေါက်အနေအထားရတော့
မျက်နှာဟာ ပြုံးရွှင်သွားခဲ့သည်..။
အောက်ကို တစ်ချက်ငုပ်ကြည့်လိုက်သည်
အတော်လေးမြင့်‌တာပဲ..။

သူလွတ်လပ်တော့မယ်မဟုတ်လား..။

မျက်လုံးစုံအား မှိန်ချလိုက်ပြီး လက်တွေအား
ဆန့်တန်းထားလိုက်သည်..။

ခြေတစ်ချောင်းအားဆန့်ထုတ်လိုက်ပြီး
ပြုတ်ကျတော့မည့်အချိန်မှာ..သူ့ကို
တစ်‌ယောက်ယောက်က ဆွဲထားခဲ့သည်..။
သူအခန်းထဲကို ပြန်လည်ရောက်ရှိခဲ့သည်..။

ပြီးတော့ သူ့မြင်ကွင်းတွေ မှောင်မိုက်သွားသည်..။

" မမ တောင်းပန်ပါတယ်.."

မေ့ဆေးထိုးလိုက်ပြီး သူမရဲ့ မောင်လေးအား
အိပ်စက်ခိုင်းလ်ုက်သည်..။ cctvကနေ
ကြည့်နေသည့်သူမဟာ မှန်တွေကို
စတင်ရိုက်ခွဲနေသည့် အချိန်ထဲက
အပြေးလာခဲ့သည်..။ သူမ အချိန်မမှီမှာတောင်
စိုးရိမ်ရသည်..။

တစ်ယောက်ထဲထားလို့မဖြစ်ဘူး..။
Fourth က သူ့ကိုယ်သူသတ်သေဖို့အတွက်
အမျိုးမျိုး ကြိုးစားနေအုန်းမှာ..။

" ငါ့ကို လွှတ်ပေး!!.."

အိမ်ရဲ့မြေအောက်ခန်းတစ်ခုမှာ ပိတ်လှောင်
ခံထားရသည့်သူ..။

Flora သည် ထိုနေ့က ဘယ်သူမှမသိအောင်
သူမ၏မောင်လေးကို အိမ်ကို တိတ်တဆိတ်
ခေါ်ဆောင်လာခဲ့သည်..။

မြေအောက်ခန်းထဲမှာပိတ်‌လှောင်ထားဖို့အတွက်
မရည်ရွယ်ပေမယ့် ဒီတိုင်းဆို ကိုယ့်ကိုကိုယ်
သတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားနေအုန်းမှာ
ဖြစ်တာကြောင့် ဘာမှမရှိတဲ့ မြေအောက်ခန်းထဲမှာ
သူမပိတ်လှောင်ခဲ့ရသည်..။

NEVER { COMPLETE }Where stories live. Discover now