1

2K 57 1
                                    

Unicode

Italy ဟာ ကမ္ဘာ့တောင်ဘက်အလယ်ပိုင်းက ဥရောပတစ်နိုင်ငံဖြစ်ပြီး မြေထဲပင်လယ်နဲ့ ဆက်စပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေကို သမိုင်းဝင်ယဉ်ကျေးမှု ဗိသုကာလက်ရာတွေနဲ့ဆွဲဆောင်ထားတဲ့ ဒီနိုင်ငံလေးကို နှစ်စဉ် လူပေါင်း သန်းချီ လာရောက်လည်ပတ်လေ့ရှိပါတယ်။

အီတလီနိုင်ငံမှာ လာရောက်လည်ပတ်မှုအများဆုံးနေရာတွေကလဲ မရေမတွက်နိုင်အောင်ရှိနေပြီး များသောအားဖြင့် Rome ၊ Milan ၊ Pisa ၊Portofino စတဲ့မြို့တွေမှာတော့ နေ့တိုင်းလိုလို ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပြည့်နေလေ့ရှိပါတယ်။

Italy နိုင်ငံ vernazza မြို့။

Vernazaa မြို့လေးဆိုတာ နိုင်ငံရဲ့အနောက်မြောက်ပိုင်း Ligurian ကမ်းရိုးတန်းရှိရာစုနှစ် ၅ ခုလောက်ထိ သက်တမ်းကြာနေပြီဖြစ်တဲ့ ရွာလေးတစ်ခုပါ။ရောင်စုံအိမ်လေးတွေနဲ့ လှေဆိပ်ကလေးတွေဝန်းရံထားတဲ့ ဒီမြို့လေးမှာနေရတာကိုက သုခဘုံလို့ ဆိုရမှာပါ။ ခရီးသွားတွေကတော့ လှေဆိပ်ကနေ လှေစီးတာမဟုတ်ရင်တောင် ရေငုံ့သမားတွေအကြိုက်တွေ့အောင် ဆွဲဆောင်ထားပါသေးတယ်။

ရောင်စုံအိမ်လွင်လွင်လေးထဲကမှ အပြာလွင်လွင်လေးနဲ့ နှစ်ထပ်အိမ်ကလေးဟာ အပေါ်ဆုံးထပ်မှာလဲ ဝရံတာ ထုတ်ထားပြီးစားသောက်ဆိုင် အသေးစားလေးလဲဖွင့်ထားသေးတယ်။

အပေါ်စီးကနေ စိမ်းပြာပြာရေတွေရယ် လှေကလေးတွေရယ် ကောင်းကင်ပြာပြာရယ် မြင်ရတာကိုက ကြည်နူးစရာ။

ခရီးသွား များတဲ့ကာလတွေမှာတောင် ပုံမှန်စျေးထက် ပိုမယူတဲ့ မားမားရဲ့ စားသောက်ဆိုင်လေးဟာ ဒီမြို့လေးမှာအတော်အသင့်နာမည်ကြီးပါတယ်။ အဘိုးအဘွားများလက်ထက်ထဲက အမွေဆက်ခံယူခဲ့တဲ့ ဟင်းလျာချက်ပြုတ်နည်းဟာ မားမားလက်ထက်မှာလဲ စွမ်းဆောင်ရည်မကျသွားတာမို့ ခရီးသွားအများစုဟာ တခြားဆိုင်တွေထက် မားမားဆိုင်လေးမှာသာစုပြုံလို့နေတယ်။

မားမားဟာ ပါပါး မရှိတော့ထဲက အိမ်ရဲ့ စိီးပွါးရေး ၊ လူမှုရေးနဲ့ သားသမီး ၃ ယောက်ပညာရေးကိုတောင် မလစ်ဟင်းစေပဲ မိခင်တာဝန်ကျေပွန်တာထက်ပိုပြီး ချစ်ပေး ဂရုစိုက်ပေးခဲ့သူပါ။

Crimson and Clover [KOOKV]Where stories live. Discover now