17

287 28 1
                                    

Unicode

ဗေလန့်မှာ အကျင့်တစ်ခု ရှိတယ်။ အဲ့ဒါက ဗေလန့်စိတ်ထဲ နောက်ကျိသွားရင် နောက်ထပ် ဘယ်အရာမှ လုပ်နိုင်၊ကိုင်နိုင်စွမ်းမရှိတော့တာပါ။

အရင်ကဒီလိုနေ့ရက်မျိူးရှိခဲ့ဖူးပေမယ့်အခုလောက်တော့မပြင်းထန်ဘူးထင်ပါရဲ့။ ဖြစ်ပုံက အဲ့ဒီနေ့နောက်ပိုင်း ပုံမှန်အတိုင်း ရုံးတက်ရုံးဆင်းနဲ့အဆင်ပြေပြေရှိခဲ့ပေမယ့် ထူးဆန်းစွာပဲ တပတ်လောက်အကြာမှာတော့ ဗေလန်ကို အလုပ်က လုပ်ဖော်ကိုင်ဖက်တချို့ ဖယ်ခွါလာပြီး ဗေလန့်အကြောင်းတီးတိုးပြောဆိုတာတွေရှိခဲ့တယ်။

ဂျွန်နဲ့ပတ်သက်ပြီး အဲ့ဒီနေ့ကအကြောင်းအရင်း မှန်ကို မပြောနိုင်ခဲ့ပေမယ့် ဖြစ်နိုင်ချေရှိတဲ့အကြောင်းပြချက်ပေးခဲ့လို့ အားလုံးက လက်ခံပြီး ဆက်မမေးတော့တာကို စိတ်ထဲ အပူတဝက်အေးခဲ့ရပြီး

ရုတ်တရက်ကြီး ဒီလိုဖြစ်သွားတာကတော့ ဗေလန်လဲ စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ သေချာအောင် ဆိုဖီရာကို မေးကြည့်မယ် လုပ်တော့လဲ သူမက လာမယ့် မိုးတွင်းကာလရာသီ အတွက် project တစ်ခု မှာ ပါနေတော့ ဗေလန်နဲ့ သိပ်မတွေ့ရ။

ဒီနေ့တော့ သူမကို တွေ့ရမည်။ သူမကိုတွေ့ရဖို့ ဗေလန် တမင်သက်သက် ကုမ္ပဏီရှေ့က ကဖေးဆိုင်မှာ စောင့်နေလိုက်ပါသည်။

သူမထွက်လာတာကိုမြင်တာနဲ့ ဗေလန်က ဖုန်းခေါ်လိုက်သည်။

'Hello'

'Hello ဗေလန်'

'အင်း....ဆိုဖီရာ အရှေ့က ကဖေးဆိုင်ကို ခနလာခဲ့ပါလား'

'အာ...အင်း'

ဆိုင်ထဲရောက်တော့ မတွေ့ဖြစ်တဲ့အကြောင်းတွေနဲ့ အလုပ်ကိစ္စနည်းနည်းပါးပါးစကားစမြည်ဖြစ်တယ်။

ဆိုဖီရာအတွက် ကိတ်နဲ့ ကော်ဖီ မှာပြီးပေးလိုက်ပြီး တအောင့်လောက်ကြာတဲ့အခါမှ

'ရုံးမှာ ဘာတွေဖြစ်နေတာလဲဟင် ဗေလန်လဲ အမှားမလုပ်မိဘဲ တချို့တွေက ဗေလန်ကိုရှောင်နေကြလို့...အဲ့တာ ဆိုဖီရာသိလား'

ဗေလန့်စကားကြားတော့ ဆိုဖီရာက နှုတ်ခမ်းနားတေ့ထားတဲ့ ကော်ဖီခွက်လေးပြန်ချကာ ဗေလန်ကို အားနာသလို ကြည့်တယ်။

Crimson and Clover [KOOKV]Hikayelerin yaşadığı yer. Şimdi keşfedin