Unicode
언제쯤일까
ဘယ်တော့လောက်များဖြစ်မလဲ
다시 그댈 마주한다면
မင်းကို ထပ်တွေ့ခဲ့ရင်
눈을 보고 말할래요
မျက်ဝန်းတွေကို ကြည့်ပြီးပြောပါမယ်
"보고 싶었어요"
သတိရနေခဲ့တာလို့ ....Still with you // Jungkook
စက်တင်ဘာလမှာ ရွာချခဲ့တဲ့မိုးတွေကြားထဲ ရွှဲစိုသွားတဲ့ အကျီဖြူပါးပါးဟာ ခန္တာကိုယ်နဲ့ တသားထဲကျသွားတယ်။
စက်တင်ဘာမိုးဟာ စက်တင်ဘာမှာ မွေးတဲ့ တစုံတယောက်လိုပဲ နုနယ်တဲ့ သူ့နှလုံးသားကို အေးစက်ထုံကျင်စေတယ်။သိမ်မွေ့နူးညံ့မှုမရှိတဲ့ မိုးစက်ပြင်းပြင်းတွေရယ်၊ ခပ်စိမ်းစိမ်းကြည့်တဲ့ ထိုမျက်ဝန်းတွေရယ်က အာရုံမှာ မြင်ယောင်လာရင်း ဗေလန် မျက်ဝန်းတွေကိုဝေဝါးသွားစေသည်။
မဲညို့အုံ့မှိုင်းနေတဲ့ တိမ်တွေကို မော့ငေးမိတော့ မျက်လုံးက ကြိမ်းခနဲ။ ပူလောင်နေတဲ့ မျက်ရည်စတွေဟာ ချက်ချင်း အိုင်ထွန်းလာပြီးငိုချင်းချဖို့ အသင့်ဖြစ်နေလို့ နေခဲ့တယ်။
အဝါရောင် ညနေခင်းလေးမှာ တခြာလူလက်ကိုတွဲပြီး ထွက်သွားရက်တဲ့သူကို မမုန်းရက်နိုင်ခဲ့ဘူး။
ဘယ်နေရာကနေ လွဲသွားလဲဆိုတာ ပြန်စဉ်းစားလိုက်တိုင်း ဒါဟာ ကံကြမ္မာဖန်တီးထားတဲ့ ပြဇာတ်တစ်ခုလို အစထဲက မှားနေခဲ့တာပါ။
ဒီလိုဆိုတော့ နောက်ပြန်လှည့်ပြီး မူလနေရာ ပြန်သွားချင်လားဆိုတော့လဲ မဟုတ်ပါ။ နောက်ဘက်ကို ငဲ့ကြည့်လိုက်ရင် နှစ်ယောက်အတူ ချစ်ခဲ့ကြတဲ့ သံယောဇဉ်နဲ့ မမေ့ချင်စရာ အမှတ်တရတွေထဲ ခေါင်းထဲကို ဆက်တိုက် ဝင်လာပြီး တစ်ခုခုက ဖမ်းဆွဲထားသလို ခံစားရတယ်။
ဒါဆို အခု ဘာလုပ်ရတော့မလဲ ဆိုတော့လဲ အဖြေအတိအကျမရှိ။
လှမ်းနေတဲ့ ခြေလှမ်းတိုင်းဟာ လျော့ယဲပျော့တိစွာနဲ့ပဲ လျှောက်လာခဲ့တယ်။ အခုနေ တစ်ယောက်ယောက်က လက်ကလေးတစ်ချက် တို့လိုက်ရင်ရုံနဲ့ လဲကျသွားတော့မယ်ထင်တယ်။
စိတ်တွေက အဝေးလွှင့်လိုက်သွားလိုက် လက်ရှိနေရာကို ပြန်ရောက်လာလိုက်ရင် ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ သူက အဲ့ဒီ ဖန်အိမ်လေးနဲ့ မလှမ်းမကမ်းထိကို ခြေကျင်လျှောက်လာမိတာတဲ့။
ESTÁS LEYENDO
Crimson and Clover [KOOKV]
Fanficငါတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကအနစ်နာခံရမယ်ဆိုရင် ငါပဲ အနစ်နာခံလိုက်မယ်..သိတယ်မလား ဒီကမ္ဘာမှာ ငါအရှုံးပေးချင်ဆုံးလူသားက မင်းပဲလေ..