4 (taekook day)

428 36 1
                                    

Unicode

အချစ်နဲ့ ပတ်သက်ရင် လူတွေက ပုံမှန်မဟုတ်တော့တာ သာမာန်ပဲလား။ အနားမှာ ရှိနေရရုံနဲ့ ပျော်ရွှင်နေမိပြီး ပုခုံးချင်း မတော်တဆ တိုးတိုက်မိတာ၊ လက်ဖမိုးချင်း မထိတထိ ဖြစ်သွားတာကအစ ရင်ခုန်နေရတာမျိုးက တကယ့်ကို သာမာန်ပဲလား။

ကမ္ဘာဟာ ကိုယ့်ကို မူတည်ပြီးလည်နေတာမဟုတ်မှန်းသိပါရဲ့နဲ့ ဇွတ်တရွတ်မိုက်မဲချင်လာတယ်။ ဆေးမကူပဲ ရဲနေတဲ့ နှာခမ်းလေးကို နမ်းလိုက်ရင်ဘယ်လို ဘယ်ပုံဖြစ်သွားမလဲ။အများကြီး အဆင့်ကျော်တယ်ဆိုပြီး အထင်လွဲသွားလေမလား။ သူ့အချစ်ကို ကစားတယ်လို့ ထင်သွားလေမလား။

ခေါင်းတွေချာချာယမ်းရင်း တစ်ယောက်ထဲ အတွေးပေါင်းစုံနဲ့ ဂုတ်ကို နာနာဖိပွတ်နေမိတယ်။ ဖွင့်ပြောလိုက်ထဲက သိသိသာသာ တိတ်ဆိတ်သွားတဲ့ Valentino မှာလဲ အတွေးတွေ များနေမှာပေါ့။

လူကို playboy လား ဆိုတဲ့သံသယအကြည့်နဲ့ ကြည့်ခံရတိုင်းအောင့်သက်သက်။ ယုံအောင် ဘယ်လို သက်သေပြရမလဲ။

ဟိုကောင် ယူဂျွန်းကို ဆရာတင်မိတာ မှားပြီလားလို့ တွေးမိတော့ ကိုယ့်ခေါင်းကိုယ် နာနာခေါက်ချင်လာတယ်။ သူ့ကောင်မလေးကို ချစ်ခွင့်ပန်တုန်းက ဒီလိုမျိုး ပလီပလာတွေပြောပြီး ချစ်ရေးဆိုခဲ့တာပါတဲ့။ ပြီးတော့...ဘာတဲ့ I say yes ဆိုပြီး သူ့ကို တန်း လက်ထပ်ခဲ့တာဆိုပဲ။

ယူဂျွန်းပေးတဲ့အကြံမသုံးပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်ပြောလိုက်တာကမှ ဟုတ်အုံးမယ်။ အခုတော့ ရင်တထိပ်ထိပ်နဲ့။ မိနစ် ၂၀ လောက် အပြန်လမ်းမပေါ်မှာ စက်ဘီးhandle လေးကိုတွန်းလာသူရယ်၊ လက်ထဲမှာ နှင်းဆီတွေနဲ့ ကိုယ်ရယ်။

မြောက်ဘက်အရပ်မှ တိုက်ခတ်လာတဲ့ လတ်ဆတ်တဲ့ လေနုလေးကြောင့် Valentino နဲ့ သူ့ဆီမှာ ဆံစတွေ ပုံစံပျက်ယွင်းဖြစ်ကုန်တယ်။

အမြဲတမ်းပြေလျော့နေခဲ့တဲ့ မျက်ခုံးတန်းနှစ်ခုက ထိလုနီးပါး စုကြုတ်ကာ တစ်ခုခုကို အသည်းသန် စဉ်းစားနေသယောင်။စကားတစ်လုံးမှမဆိုဘဲ တိတ်တဆိတ်နေရာမှ
သူ့ဘက်လှည့်လာပြီး သက်ပြင်းသဲ့သဲ့ချတယ်။

Crimson and Clover [KOOKV]Место, где живут истории. Откройте их для себя