13

300 30 2
                                    

Unicode

ယူကလစ်ပင်အိုရဲ့အကိုင်းအခက်ဖျားတွေ  လှုပ်ခတ်သွားတဲ့အခိုက်အတန့်လား...လမ်းတလျှောက် စိုက်ထားတဲ့ ပန်းလေးတွေရဲ့ ပွင့်ချပ်ကလေးများ ကြွေလွင့်သွားတဲ့အခိုက်အတန့်လား....

ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ သဘာဝတရား စက်ဝန်းကြီး ရုတ်တရက် နှေးသွားအောင် ဘယ်အရာကများ ပြုစားနေပါသလဲ။

မျက်စိရှေ့က အဖြူရောင်ပုံရိပ်လေးဟာ ဝမ်းနည်းပူဆွေးနေပါတယ်။ သူ့ရဲ့ ငွေမှင်ဆံနွယ်တွေမှာ ငြိတွယ်နေတဲ့ သစ်ရွက်လေးတွေက ထိတွေ့ကိုင်တွယ်ချင်စရာ။

ရဲဆွေးနေတဲ့ မျက်ဝန်းတွေနဲ့ ဆုံတဲ့အချိန်မှာ ဘာရယ်ကြောင့်မှန်းမသိ ဝဲဘက်ရင်အုံကနာကျင်လာသလိုပဲ....

ကမ္ဘာပေါ်မှာ အလှဆုံး မျက်ဝန်းပိုင်ရှင်က ဘယ်သူလဲမသိပေမယ့် သူကတော့ လက်ရှိချိန်ထိ မြင်ဖူးသမျှ မျက်ဝန်းထဲမှာ ဒီအမျိုးသားဟာ အလှဆုံးပါပဲ။

လှည့်ကြည့်လာတဲ့မျက်ဝန်းညိုတွေဟာ ဖျော့တော့နေမှန်းသိတော့ အနားကို တိုးကပ်သွားမိတယ်။

ရုတ်တရက်ပဲ ထိုကောင်လေးဟာ သူရှိရာသို့ လှည့်လာပြီး ခြေလှမ်းကျဲများဖြင့် လျှောက်လာတယ်။ သူလှုပ်ရှားသမျှ အရာအားလုံးကို ဘာမှမတုံ့ပြန်နိုင်ခင် ခါးမှ ဆွဲဖက်ခြင်းခံလိုက်ရသည်။

ရင်ခုန်သံတွေ အဆမတန် ကျယ်လောင်စွာ ထွက်ပေါ်လာတာ သတိထားမိပါသည်။ မြဲမြံတဲ့လက်ချောင်းသွယ်များက ဂျွန့်ရဲ့ အကျီဖြူလေးကိုခိုင်မာစွာ ဆွဲဆုတ်ကိုင်ထားသည်။

ပြန်ဖက်ထားရမလို ဘာလုပ်ရမလိုလိုနဲ့ သူ့လက်တွေ လက်ထဲမှာ တန့်နေမိတယ်။ ပထမဆုံးအကြိမ် တစ်စုံတစ်ခုကို ဝေခွဲ မရခြင်းပါပဲ

'ဟိုလေ....'

တမင်အသံနိမ့်ပြီး တိုးလျစွာခေါ်တော့ ရှိုက်သံလေးများက ရင်ခွင်ထဲကနေ ထွက်လာသည်။ ခဏချင်းပဲ သူ့ညာဘက်ပုခုံးအဆက်နားမှာ မျက်ရည်များဖြင့် ရွှဲရွှဲစိုသွားသည်။

ရင်ခွင်ထဲကအမျိုးသားကို သူမသိပါဘူး...ဘာကြောင့် သူ့ကိုတွေ့တော့ ပြေးဖက်သလဲဆိုတာလဲ မသိပါ..ဒါပေမယ့်ဒီအမျိုးသားလေးဟာ ဝမ်းနည်းနေတယ်။

Crimson and Clover [KOOKV]Onde histórias criam vida. Descubra agora