5

384 28 1
                                    

Unicode

Vernazza ရဲ့နေဝင်ချိန်တွေလောက် လှတဲ့အရာ ရှိပါအုံးမလား။ အဝါရင့်ရောင် ပြောင်းသွားတဲ့ညနေခင်းဟာ ကမ်းစပ်ကို ပြန်ကပ်လာတဲ့လှေလေးတွေရယ်၊ ညနေစျေးခင်းလေးရယ် နဲ့ ရောင်စုံဖြစ်နေတဲ့တိုက်ကလေးတွေပေါ် သိသိသာသာ လွှမ်းခြုံထားတယ်။

စက်ဘီးကလေး ကို လက်တဖက်ကကိုင်ရင်း ကျန်တစ်ဖက်က လက်ချင်းချိတ်ထားတဲ့တွဲလက်ကလေးကို ငုံ့ကြည့်မိတော့ ရင်ထဲ နွေးမြသွားတာဘာနဲ့မှနှိုင်းမရ။ဗေလန့်ရဲ့ ဝင်းလှလှမျက်နှာပေါ်က အဝါရောင် ရောင်စဉ်လေးဟာ မနာလိုစရာ။

မျက်လုံးဝိုင်းလေးတွေထဲက အရည်ကြည်လေးကလဲ့နေသလို၊ နှာခမ်းပါးလေးတွေကလဲ မပြုံးလဲ ကော့ညွှတ်နေပြန်တယ်။ စက္ကတိုင်းမှာ အဓိပ္ပာယ်အမျိုးမျိုးပေါ်လွင်နေတဲ့ အပြုံးအရယ်ဟာ ရင်ထဲ ကြည်နူးလှိုက်ဖိုဖွယ်။

'ဂျွန်...'

'အင်း'

'ဗေလန်ကို ပြောစရာမရှိဘူးလားဟင်'

ရုတ်တရက် လေသံတိုးလေးနဲ့ ပြောလာတဲ့ ဒီစကားလေး။ သက်မမောကို တဖက်သူမကြားအောင် ရှိုက်ရတာခက်လှပါတယ်။

ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းတွေကိုသာ အတူမျှဝေချင်ပြီး ပူလောင်ခြင်းတွေကိုတော့ မမျှယူစေလိုတာကြောင့် မပြောဖြစ်တော့ပါဘူး။ နောက်ပြီး

ဗေလန်ကို အဖြူထည် ပိတ်ပါးလေးလို ချစ်တာမို့

'မရှိပါဘူး ဗေလန် ဘာလို့များလဲ'

သူမသိမသာ ကျော်သွားလိုက်ဖို့ကလဲ မလွယ်လှပါ။ မျက်တောင်စိတ်လေးတွေနဲ့ မျက်နှာကအရိပ်ကိုလိုက်ဖတ်နေသူလေးကို ဘာမှမဖြစ်သလို ဟန်ဆောင်ဖို့က ခက်ယဉ်းလှပါတယ်။

လမ်းသွယ်လေးတွေထဲ နှစ်ယောက်ထဲ လမ်းလျှောက်နေတုန်း အတွေးတွေထဲ နစ်ဝင်သွားလိုက်တိုင်း ခြေထောက်တွေ သိသိသာသာ တုံ့ဆိုင်းသွားတာမို့ ငဲ့ကြည့်တဲ့ဗေလန်ကြောင့် ပိုပြီး အကြပ်ရိုက်ပါတယ်။

ဂျွန့်မှာ အခက်အခဲတွေရှိနေတယ်...သူ ဒါကို ပြောဖို့ တွန့်ဆုတ်နေတယ်...နားထောင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဗေလန်ကိုတချက်တချက်ငေးလိုက်၊ ဖွင့်ဟဟန် နှာခမ်းပါးတွေက ပြန်ပြီးတင်းတင်းစိသွားလိုက်။

Crimson and Clover [KOOKV]Where stories live. Discover now