15

327 26 2
                                    

Unicode

မနေ့ည

ဗေလန်ရဲ့ထူးဆန်းတဲ့ဖုန်းကောလ်ကြောင့် မားမားက ချက်ချင်း ဆိုးလ်ကို လိုက်သွားဖို့ စီစဉ်သည်။

'ဗေလန်ဘာတွေဖြစ်နေလဲမသိဘူး မားမား စိုးရိမ်လိုက်တာကွယ်'

'မားမားရယ် ဗေလန်က ၁၆ နှစ်အရွယ် လေးမှမဟုတ်တော့ပဲ သူအဆင်ပြေမှာပါ'

'မားမားတော့ စိတ်ပူတာပဲသိတယ် အဲ့ဒီကလေးက နဂိုထဲက နှုတ်ဆိတ်တဲ့ကလေး... သေချာမမေးမချင်း မဖြေတဲ့ကလေး...အခု သူကိုယ်တိုင် မားမားတို့ကို ဆက်သွယ်တာဆိုတာ မဟုတ်မှ မကောင်းတာတစ်ခုခု ဖြစ်နေတာများလား'

'မားမား ဒီလောက်စိတ်ပူနေရင် ကျနော်ကိုယ်တိုင် သွားကြည့်မယ်'

'အို သားတော့မဖြစ်သေးပါဘူး သားမရှိရင် မားမားနဲ့ အငယ်မလေးက ဆိုင်နှစ်ခုလုံးမထိန်းနိုင်ဘူး မားမားတို့မှာ ယောကျ်ားသားဆိုလို့ သားပဲ ရှိတာကို'

သက်ပြင်းရှိုက်လိုက်တဲ့ Dalmeက အတွေးတစ်ခုဝင်လာပေမယ့် ဒီအတွေးကလဲ မဖြစ်ပြန်။ Julia ကို လွှတ်လိုက်ရမလား...

အို...ဒီပြာကလက်စိန်မ က အိမ်မှာသာ လည်လည်ပတ်ပတ်ရှိတာ...တခြားတိုင်းတပါးဆို အလိမ်ခံရဖို့ ကွိခနဲပဲ။

မဖြစ်ဘူးဆိုတဲ့အတွေးနဲ့ ခေါင်းခါယမ်းနေတုန်း ဒင်းက အခန်းဝကနေ အသံကျယ်ကျယ်နဲ့

'အမလေး မားမားရယ် သမီးကိုဘာလို့ မေ့ထားတာတုန်း...ဗေလန်နဲ့အနီးကပ်ဆုံးက ဟော့ဒီက ဂျုလီယာပါလေ...'

'ဟိတ်ကောင်မလေး...နင်အထဲပြန်ဝင်နေစမ်း'

Dalme ဟန့်လိုက်တော့ ကြောက်ပြီးအထဲ ပြန်ဝင်သွားမလားမှတ်တယ်။ သကောင့်သမီးလေးက လှစ်လှစ်နဲ့ မားမားနားရောက်လာပြီး လက်မောင်းကို ဆွဲဖက်ကာ

'မားမားကို ပြောစရာရှိတာနဲ့အတော်ပဲ သမီးသူငယ်ချင်းNella ကလဲ သူ့အဘွားတွေရှိတဲ့ ကိုရီးယားကို သွားမလို့တဲ့...ဘယ်လိုလဲဟင် သမီးလိုက်သွားချင်တယ်....'

'နေပါအုံး သမီးတို့ ၂ ယောက်ထဲ ဘယ်ဖြစ်မလဲ လူကြီးရောမပါဘူးမလား'

'ဟာ...မားမားကလဲ ဗေလန်ကို လာကြိုခိုင်းလိုက်မှာပေါ့'

'.....'

Crimson and Clover [KOOKV]Donde viven las historias. Descúbrelo ahora