27

293 23 0
                                    

စာရေးသူ မှတ်ချက်- မနေ့ကupပေးမယ်ဆိုပြီး မ up ဖြစ်တာကရေးမပြီးတာထက် ရေးရင်း mood တကယ်ဝင်နေတာမို့ နှစ်ပိုင်းစလုံးအပြတ်ရေးလိုက်တာပေါ့နော်

ဒါကြောင့် 27 ရော28 ပါတခါထဲup လိုက်ပါတယ်။ဒီထဲမှာပါတဲ့ Male pregnant က စာရေးသူ၏ စိတ်ကူးယဉ်အတွေးသာဖြစ်ပြီး ဆေးဝါးနာမည်များသည်လည်း fiction အတွက်ဖန်တီးထားခြင်းသာဖြစ်သည်။

Unicode

တခါတလေ ကိုယ်သတိမထားမိလိုက်တဲ့ နိမိတ်တွေကလဲ တစ်ခုခုကို မလုပ်ဖို့ အရိပ်အယောင်ပြတာပါပဲ

ဒါကိုသာ ရိပ်စားမိခဲ့ပါလျှင်........

•••••••••••

'ပြောပါ ဒေါက်တာဂင်'

'........'

'ဒါဖြင့် သူတို့ကို ဘယ်အချိန်ချိန်းထားတာလဲ'

'......'

'ဟုတ်ကဲ့ သတင်းပေးလို့ ကျေးဇူးတင်ပါတယ် ဒေါက်တာဂင်'

တီ...

ဖုန်း ချလိုက်တဲ့အချိန်မှာ ဥက္ကကြီးရဲ့ မျက်နှာက smile လိုင်းများသည်ပို၍ တွန့်ကွေးသွားတော့သည်။ ထို့နောက် နံပါတ်တစ်ခုကို ဖုန်းခေါ်လိုက်ပြီး

' အခုထွက်တော့ အစီအစဉ်တိုင်းလုပ်'

'......'

'မလိုဘူး သားကို မထိခိုက်စေနဲ့ ဒီတစ်ခါထပ်ဖြစ်ရင် သူ ငါတို့ကို စွန့်ပစ်သွားလိမ့််မယ် အဓိက က တဖက်လူကိုပဲ ပစ်မှတ်ထား'

'.......'

'နေအုံး သေတော့မသေစေနဲ့ ကြားလား'

'.......'

'ငါ စိတ်ချမယ်'

ဖုန်းပြောပြီးနောက် ဥက္ကကြီးသည် တပ်ထားသော မျက်မှန်ကိုင်းကို ဖြုတ်လိုက်ကာ စားပွဲပေါ် လှန်းတင်လိုက်သည်။ ထို့နောက် swivel chair ကို မှီလှဲလိုက်သည်။

လေပူများကို မှုတ်ထုတ်ကာ အဓိပ္ပာယ်ဖော်ရခက်သော မျက်လုံးများနှင့်ပြတင်းပေါက်ဘက်ကို လှည့်ကြည့်သည်။ ထပ်ပြီး သာယာတဲ့နေ့လေး ဖြစ်ပါစေကွာ..

တကိုယ်ရည်စာ ရေရွတ်လိုက်ပြီး ထို့နောက် လိုချင်တဲ့အရာကို အကောင်ထည်ဖော်နိုင်တော့မလို အပြုံးမျိူးဖြင့်ပြုံးလိုက်သည်။

Crimson and Clover [KOOKV]Hikayelerin yaşadığı yer. Şimdi keşfedin