23 🔞

556 27 2
                                    

Unicode

ချစ်ခြင်းမေတ္တာဆိုတာ တမင်တကာ ဖန်တီးယူလို့ ရတဲ့အရာမှမဟုတ်ပဲ...ဖန်တီးယူလို့ ရခဲ့မယ်ဆိုရင်လဲ အဲ့ဒါဟာ အချစ်မဟုတ်နိုင်ဘူး ကိုယ့်ရဲ့ အတ္တပဲ ဖြစ်လိမ့်မယ်။

လောကကြီးမှာ ကြုံဆုံသမျှ အဖြစ်အပျက်တိုင်းဟာ အကြောင်းမဲ့မဟုတ်ဘူးဆိုရင် ဂျွန် နဲ့ ဗေလန်ကို ဆုံဆည်းစေခဲ့တဲ့ ကံကြမ္မာကို မေးခွန်းထုတ်ချင်ပါတယ်။

ဗေလန်တို့ ချစ်သူနှစ်ဦးကို ပေါင်းဖက်ပေးဖို့ရာ ဆန္ဒရှိပါသလား။ ရှေ့ကို မမြင်ရတဲ့ ဝိုးတဝါးဝါး လမ်းမထက်မှာ လမ်းလျှောက်နေတဲ့သူတစ်ယောက်လို အဘက်ဘက်က ရိုက်ခတ်တဲ့ ဒဏ်ကို အလူးအလဲ ခံနေရတဲ့အခါ စိတ်မှာ အခါအခါ နွမ်းလျလာတယ်။

အတူရှိနေနိုင်ဖို့ ဘာလို့ သူတို့ကျမှ ခက်ခဲနေရတာလဲ။

မြစ်ရေပြင်ပေါ်က လှိုင်းကြက်ခွပ်လေးများကို အသာငေးရင်း တိုက်ခတ်လာတဲ့ လေအေးလေးဟာ ဗေလန်ပါးပြင်တွေကို အသာ တိုးဝှေ့လာတယ်။

အေးမြတဲ့ လေမှာတောင် နွေးထွေးမှုတွေက ရောပါနေတတ်မှန်း အခု မှသတိထားမိတယ်။ အတွေးတွေ များချင်လာရင် ဗေလန် လုပ်နေကြအရာက တနေရာရာမှာ စိတ်တစ်ခုလုံးကို ဖြန့်ကျက်လိုက်တာပါပဲ။

ရောက်တတ်ရာရာ ဖြစ်နေတာမျိုးလဲမဟုတ်၊ တသတ်မတ်တည်းရှိနေတာမျိုးလဲမဟုတ် စိတ်ကလေးကို ခနလောက် လွတ်လပ်စေလိုက်တာက ဗေလန် ကုစားနေကြ စိတ်ကုထုံးပေါ့။

ရောင်စုံမီးတွေ လင်းနေတဲ့ မြစ်ရဲ့ ဟိုးဘက်တခြမ်းက အဝေးတနေရာကို ငေးနေတုန်း တစ်ယောက်ယောက်က နောက်ကျောပြင်ကို ပွေ့ဖက်လိုက်သလို ခံစားရသည်။

'ဂျွန်'

နှုတ်ဖျားမှ လေသံလေးနဲ့ ခေါ်လိုက်တော့ ဂျွန်က ရင်ခွင်ထဲက ခပ်မော့မော့ဖြစ်နေတဲ့ဗေလန်ကို နူးညံ့ သိမ်မွေ့စွာ ကြည့်သည်။

'လေအေးတွေ တိုက်တယ် အကြာကြီး မနေသင့်ဘူး ခနနေရင် ကိုယ်တို့ ပြန်ကြရအောင်ပါ'

ပြောရင်း လက်ထဲသို့ ဘီယာဘူးလေးထည့်ပေးလာသည်။ သူ အင်းမလုပ်၊ အဲမလုပ်ပဲ ဘီယာဘူးကို ဆွဲဖွင့်ဖို့ လုပ်သည်။

Crimson and Clover [KOOKV]Donde viven las historias. Descúbrelo ahora