35

226 20 2
                                    

Unicode

ရက်တွေ၊လတွေသာ ပြောင်းလဲလာသည်။ အခုထိ အဖြေမတွေ့သေးတဲ့ပုစ္ဆာတစ်ပုဒ်ဟာ ဗေလန်ပါပဲ။ shadow 3 ကို ဆက်လက်စုံစမ်းစေပေမယ့် အကြောင်းမထူးတဲ့အခါ သူ ဘယ်လို လုပ်ရမလဲ မသိတော့။အရိပ်ကလေး၊ ကိုယ်ခန္တာအစိတ်အပိုင်း တစွန်းတစလေးတောင် မမြင်၊မတွေ့ရစေဘဲ ပုန်းရှောင်နိုင်တဲ့ ဗေလန်ကို သူချီးကျုးပါသည်။

သူ့အနားကနေ အစဖျောက်သွားခဲ့တာ မဟုတ်မှ တဘဝစာလား။ သူ့ကို ဘယ်တော့မှ ပြန်မတွေ့တော့ဘူး လို့ ဆုံးဖြတ်လိုက်ပြီလား။ ဆက်၍ မတွေးနိုင်အောင် ရင်ထဲမှာ နာကျင်လွန်းလှသည်။ အတွေးတွေယိုင်နဲ့လာတိုင်း 'မဖြစ်ဘူး မဖြစ်နိုင်ဘူး သူကတော့ ငါ့ကို မထားသွားဘူး' လို့ အခါခါရေရွတ်ကာ တကိုယ်ရည်စာ ဖြေသိမ့်နေခဲ့တဲ့ရက်တွေဟာ စိတ်ကို တတိတိကိုက်ဖြတ်နေသလို။

အီတလီကိုပြန်သွားတယ်ဆိုတာ လေဆိပ်တွေမှာ လိုက်စုံစမ်းရင်း အတိအကျ သိခဲ့ရလို့ သေချာပေါက် Vernazza မှာ ရှိလိမ့်မယ်လို့ တထစ်ချ ယုံခဲ့တာ။ ဒါပေမဲ့နောက်ယောင်ခံ ကြည့်တဲ့အခါ Vernazza ကို ရောက်မလာခဲ့ဘူး၊ အိမ်မှာလဲ မတွေ့ဘူးဆိုတဲ့အချက်က သူ့ကို ရူးသွပ်သွားစေသည်။ ဘယ်နေရာမှာများ ရှိနေမလဲ..

ဒယ်ဒီဘက်ကလူတွေထက် သူအရင်ရှာတွေ့မှဖြစ်မှာမို့ သူ စိတ်တွေ ရှုပ်ထွေးနေခဲ့သည်။ သူ plan ချထားသမျှကိုလဲ မရိပ်မိစေဖို့ ဟန်မပျက်နေနေရသည်။ တဖက်မှာလဲ ဗေလန်ကို သူအရင်တွေ့ရဖို့ ဆုတောင်းမိသည်။ ဒါမှသာ ရှေ့ဆက်ရမယ့် ဟာကို သူစိတ်အေးအေးနဲ့ လုပ်ဆောင်နိုင်လိမ့်မည်။

တကိုယ်ရည်စာ ပူလောင်မှုတွေ၊စိုးရိမ်မှုတွေ ၊ လွမ်းဆွတ်တမ်းတမှုတွေနဲ့ သူ အိပ်ရေးပျက်ခဲ့တဲ့ညတွေမှာ သောကတွေ တပုံတပင်နဲ့ပါ။ shadow 3 တင်မက နောက်ထပ် လူတွေငှါးပြီး အီတလီရဲ့အထင်ကရ မြို့တွေဆီ ဖြန့်ကျက်ကာ ရှာခိုင်းပေမယ့်ယနေ့ချိန်ထိ ရှောင်ပုန်းကောင်းနေဆဲ တယောက်သောသူပါပဲ။

အဝေးကနေပဲဖြစ်ဖြစ် မထင်မရှား ပုံလေးများတွေ့ရမလားလို့ သူ မျှော်လင့်ခဲ့ပေမယ့် ဗေလန်နဲ့တူတဲ့ ပုံပန်းသွင်ပြင်ကို တယောက်လေးတောင်မတွေ့ရပါဘူး။ အင်းလေ....ပြီးပြည့်စုံတဲ့မျက်နှာ၊ သေသပ်လှတဲ့ မျက်နှာအချိုးအစားနဲ့ နတ်ဘုရားတပါးအလား အထင်မှားစေလောက်အောင် လှပတဲ့သူဟာ ဗေလန်တစ်ယောက်ထဲရှိလိမ့်မှာပေါ့။ ဒီလို ရူးကြောင်ကြောင်အတွေးနဲ့ ကိုယ့်ချစ်သူရဲ့လှပမှုအတွက်ဘဝင်မြင့်နေတဲ့ သူဟာ အရူးတစ်ယောက်ပါပဲ။

Crimson and Clover [KOOKV]Wo Geschichten leben. Entdecke jetzt