7

354 27 1
                                    

Unicode

'Ah, now I don't hardly know her
But I think I could love her
Crimson and clover'
'Ah, I wish she'd come walking over'
'Now I've been waiting to show her
Crimson and clover
Over and over.....'

ကြာသပတေးနေ့မတိုင်ခင် တစ်ရက်ဟာ ခါတိုင်းရက်တွေလို အခန်းရဲ့ ပြတင်းပေါက်ကိုသာ ဖွင့်ထားလျက် အလုပ်စားပွဲမှာ ကွန်ပြူတာ တစ်လုံးနဲ့ ဂျွန် အလုပ်ရှုပ်နေတုန်း အခန်းဝဆီက တံခါးခေါက်သံ ကြားလိုက်ရသည်။

အခန်းကို ဒီလိုညအချိန်ကြီး လာခေါက်တဲ့သူ ဘယ်သူရှိလိမ့်မလဲ။ ဗေလန်များလား...လို့ တွေးမိတော့ ညနေကတင် အိမ်ပြန်ပို့ခဲ့တာမို့ ဒီကို လာစရာ အကြောင်းအရင်းတော့ မရှိနိုင်ပါ။

နောက်ပြီး ဗေလန်ရဲ့ အကျင့်တိုင်းဆို သူ့ကို အရင် မက်ဆေ့ချ်ပို့ပြီးမှ လာလေ့ရှိတာမို့ ခန တွေဝေသွားရတော့သည်။နောက်ထပ်တချက် တံခါးခေါက်သံကြားတော့မှ သတိပြန်ဝင်လာတော့ အခန်းနားဆီသွားလိုက်ကာ တံခါးဖွင့်ပေးလိုက်သည်။

'ဒယ်ဒီ...'

မယုံကြည်နိုင်ခြင်းများစွာနှင့် နှာခမ်းလွှာ နှစ်ခု ပွင့်ဟာသွားတဲ့ထိ ကြောင်ငေးနေမိတယ်။ ဒယ်ဒီ့မျက်နှာက မှောင်ရိပ်ကျနေတဲ့ဘက်အခြမ်းမှာမို့ သေသေချာချာတော့မမြင်ရ။သို့သော် ဒေါသရိပ်တွေစွန်းနေမယ်ဆိုတာတော့ သေချာတယ်။

'ဘယ်လိုလဲ မင်းပြန်မလာနိုင်တဲ့အထိ ဒီနေရာကို ငြိတွယ်နေရတဲ့အကြောင်းအရင်း'

ပျက်ယွင်းသွားတဲ့မျက်နှာကို ချက်ချင်း ပြန်ထိန်းလိုက်ရင်း

'ဒယ်ဒီ...ဒီထိ လိုက်လာတာကတော့'

'အေး...မင်းပြန်မလာလို့ လိုက်ခေါ်ရတာပေါ့ကွ...တောက်...မင်းအသက်မင်းအရွယ်ကို ငါတို့က ကလေးလို လိုက်ထိန်းနေရအုံးမှာလား ဂျောင်ဂု..ဟင်...မင်းအမေ မင်းကို ဖုန်းတွေဆက်တယ် မင်းမကိုင်ဘူး...ပြန်လာဖို့အမျိုးမျိုး လှည့်ခေါ်လဲ မင်းငါတို့ဘက် တချက်လှည့်မကြည့်ဘူး...မင်းအဲ့တာဘာအချိုး ချိုးတာလဲ ဖြေ'

ဒယ်ဒီက စကားတွေအများကြီး ပြောပြီးနောက် အခန်းထဲ တျောက်လျောက် ဝင်လာပြီး ပြတင်းပေါက်နားမှာ ရပ်တယ်။ ထို့နောက် အပြင်ဘက်တစ်နေရာဆီ စိုက်ငေးနေတယ်။

Crimson and Clover [KOOKV]Where stories live. Discover now