39

219 33 5
                                    

Unicode

အချိန်အတော်ကြာတဲ့ထိ ငိုနေဆဲ hyg ကို သူဆွဲထူကာ ကားရှိရာဆီ နှစ်ယောက်သား ပြန်ရောက်လာကြသည်။ အခု လုပ်ရမှာက Milan ဆီ ရထားပြန်စီးဖို့ပင်။ ဒါ့ကြောင့် ငှါးလာခဲ့တဲ့ ကားကို ပိုင်ရှင်ဆီ ပြန်အပ်ပြီး နာရီနဲ့တွက်ချက်ကာ ငွေရှင်းလိုက်သည်။

ယူဂျွန်း အိမ်ရှင်ရဲ့ email နဲ့ ဖုန်းနံပါတ်ကို ယူထားလိုက်
နိုင်တာ တော်သေးသည်။ ထို့နောက် ရထားပေါ်မှာကတည်းက ထိုအိမ်ရှင်ကို ဖုန်းဆက်လိုက်ကာ ဗေလန်ရဲ့ ဖုန်းနံပါတ်ကို ရလိုရငြားတောင်းလိုက်သည်။ သို့သော် ဗေလန် ဖုန်းနံပါတ်မဟုတ်တဲ့ နောက်ထပ် ဖုန်းနံပါတ်အသစ်တစ်ခုကိုသာ ရရှိခဲ့သည်။ hygပြောတာတော့ အဲ့ဒါ ဂျူဝန်းဆိုတဲ့ကောင်လေး ဖြစ်လိမ့်မည်တဲ့။

မဆိုင်းမတွပဲ ဂျူဝန်းဆိုသည့်ကောင်လေးဆီဖုန်းဆက်လိုက်တော့ hyg က ကြားမှ ဖုန်းကို ဖြတ်ယူကာ တဖက်က ပြန်ဖြေသံကို စောင့်ဆိုင်းနေသည်။ စိတ်လှုပ်ရှားရင် လုပ်တတ်တဲ့အကျင့်အတိုင်း လက်သည်းတွေကို တစစ ကိုက်နေလျက် တဖက်ကဖြေကြားသံကို စောင့်နေသည်။

တုန်ခိုက်နေတဲ့ အသက်ရှုသံတွေက ပြင်းထန်လျက်ရှိနေပြီး၂ပေလောက်အကွာက ယူဂျွန်းတောင်ကြားရသည်။ သို့ သော် တဖက်က ဖုန်းမကိုင်တဲ့အခါ hyg က ပိုပြီး စိတ်တိုလာပုံရသည်။

'hyg စိတ်အေးအေးထားနော်'

'မင်းကလဲ ဘယ်လိုလုပ် စိတ်အေးနိုင်တော့မှာလဲကွ၊ ဗေလန်က ကိုယ်ဝန်ကြီးနဲ့....အဲ့ဒါ အဲ့ဒါ ငါနဲ့ရတဲ့ကလေးပါဆိုကွာ'

အဖျားခတ်တုန်ယင်သွားတဲ့ စကားသံတွေနှင့် ဗလုံးဗထွေးဖြစ်လာပြီး အစကနေ ပြန်ငိုတော့မယ့်ပုံ ဖြစ်လာတော့ ယူဂျွန်း အသည်းအသန်လက်ကာလိုက်သည်။

'အာ ဟုတ်တာပေါ့ ဗေလန် က hyg ကလေးလေး လွယ်ထားရတာဆိုတော့....ဘယ်လိုလုပ်စိတ်အေးအေး ထားနိုင်ပါ့မလဲ'

သူ စကားတွေဖာထေးပြောလိုက်သည်။ hyg မျက်နှာမှာ မျက်ရည်တွေနဲ့ ပေပွနေကာ မနက်ထဲက ခုထိ ရေမချိုးရသေးလို့ တကိုယ်လုံးလဲ နံစော်နေလောက်ပြီ။ ဒါ့အပြင် milan ကနေ ၂နာရီတောင် ရထားအသွားအပြန် စီးရလို့ပင်ပန်းနေပြီ။

Has llegado al final de las partes publicadas.

⏰ Última actualización: a day ago ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Crimson and Clover [KOOKV]Donde viven las historias. Descúbrelo ahora