32

277 24 0
                                    

Unicode

'Boss နေ့လည်၃နာရီမှာချိန်းထားတာ တစ်ခုရှိပါသေးတယ်'

အတွင်းရေးမှူးမလေးသည် ၃ပေအကွာမှာရပ်လျက် appointment schedule တွေကို ပြောပေးနေသည်။ ဒီနေ့ ဂန်နမ်ဘက်မှာ ဒယ်ဒီ့မိတ်ဆွေတစ်ဦးရဲ့ Hotel တစ်ခု နှစ်ပတ်လည်ပွဲအတွက် သွားပြီးနောက် ရုံးကိုပြန်လာရုံရှိသေးသည်။

ဂျောင်ဂု အပေါ်ထပ် coat ကို coat rack stand ဆီက ယူလိုက်ကာ ကိုယ်ပေါ်ကို လွှားခနဲ ဝတ်ဆင်လိုက်သည်။ မြင့်မားလှတဲ့ အရပ်နဲ့ ပုခုံးကျယ်ကျယ်တွေက Long coat ဝတ်လိုက်တော့ ပိုပြီး manly ဆန်သေးတယ်။ စနစ်တကျ ဖီးသင်ထားတဲ့ ဆံပင်ပုံစံက အနည်းငယ် ပျက်ယွင်းနေတာကြောင့် လက်နဲ့ အသာဖိကာ သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုပြင်လိုက်သည်။

'ကြည့်ပေးအုံး ကိုယ့်ပုံစံက သပ်သပ်ရပ်ရပ်ရှိသေးရဲ့လား'

'ဟုတ်ကဲ့ ကြည့်ကောင်းပါတယ် Boss'

Boss က ဘယ်လောက်ပင် အလုပ်ရှုပ်ပါစေ မျက်နှာမှာတော့ ဘယ်တော့မှ နွမ်းနယ်တာမျိုးမရှိပါ။ ထိုအစား မျက်ခုံးတွေကို အမြဲလိုလိုတွန့်ချိုးထားသည်။ ပိရိလှတဲ့ နှာခမ်းပါးကလဲ ဒီရက်ပိုင်းအတွင်းမှာ အညိုရောင်သမ်းချင်လာသည်။

အတွင်းရေးမှူးမလေးသည် သူ့အရိပ်အခြည်ကို တိတ်တဆိတ် ကြည့်နေသည်။ ပြီးခဲ့တဲ့ရက်ပိုင်းထိ Boss နဲ့ ဥက္ကဌကြီးရဲ့ အခြေအနေက တင်းမာနေသည်မို့ သူမတို့လဲ သိပ်မလှုပ်ရဲဘဲ ရှိနေရသည်။

'Boss'

'အင်း နောက်appointment က ဘယ်သူနဲ့လဲ'

'အဲ့ဒါက ဥက္ကဌကြီးနဲ့ပါ Boss ကို ဖုန်းဆက်သွယ်လို့ မရဘူးဆိုပြီး appointment တချိန် နဲ့ယူခိုင်းထားလို့ပါ'

ဂျွန် လှုပ်ရှားမှုတို့ ခတ္တလောက် တုန့်နှေးသွားသည်။ သူ ပြီးခဲ့တဲ့ တစ်လ လုံးမှာ Company ကိစ္စတွေနဲ့ လုံးထွေးနေခဲ့ပြီး တဖက်မှာလဲ အစီအစဉ်တွေကို အထမြောက်ဖို့ စီစဉ်ရသေးသည်။ ဒီကြားထဲ မင်ဆိုအာနဲ့ လက်ထပ်မယ့် ရက်က တဖြေးဖြေး နီးကပ်လာပြီမို့ သူ ပိုပြီး စိတ်အားနှစ်နေရသည်။

Shadow 3 ပြောပုံအရဆိုလျှင် ဗေလန်ရဲ့ မွေးရပ်မြေဖြစ်တဲ့ Vernazza မှာထူးခြားမှုမရှိပဲ သူ့မားမား စားသောက်ဆိုင်မှာလဲ ဗေလန်အရိပ်အယောင်ကို မမြင်ရပါဘူးတဲ့။ ဒီ့အပြင်ထူးဆန်းသည်က ဂျူဝန်း....ဒီကောင်ပါ ပျောက်ချင်းမလှ ပျောက်သွားသည်။ဗေလန်ကို ဆက်သွယ်မရရင်တောင် ဂျူဝန်းကတော့ သူ့ ကား driverလေးမို့ သူ့ဆီကအရိက်အမြွက်လေးများရလို့ရငြား လိုက်ရှာသော်လည်း ဒီကောင်ကပါ ခြေရာဖျောက်သွားသည်။

Crimson and Clover [KOOKV]Nơi câu chuyện tồn tại. Hãy khám phá bây giờ