29

405 26 2
                                    

ဒီအပိုင်းနဲ့ လိုက်ဖက်မယ့် song လေးကို Ellie Goulding ရဲ့My Bloodလေးရွေးထားပါတယ်

Unicode

တစ်ခါက နွေဥတုရဲ့ ကောင်းကင်ပြာလွင်လွင်ဟာ သူတို့ နှစ်ယောက်အပိုင် ဖြစ်ခဲ့ဖူးပါတယ်။ အတိတ်နေ့ရက်တွေပြန်ငေးကြည့်လိုက်ရင် သိပ်အဖိုးတန်လွန်းလို့.....

ဒါကြောင့်ပဲ ငါမစွန့်လွှတ်နိုင်ခဲ့တာ ငါပြန်လိုချင်ခဲ့တာ။

အားငယ်နေပြီး စိတ်ထိခိုက်နေချိန်၊ တယောက်ထဲ အတွေးတွေများပြီး ဝေခွဲမရတဲ့အခါ ငါဘာလုပ်လေ့ရှိလဲ ဂျွန်သိလား။

အင်း..သေချာတာကတော့ မင်းမှတ်မိတော့မှာမဟုတ်ပါဘူး။ ငါတို့မှာ အရမ်းကိုလှပတဲ့အမှတ်တရတွေ များခဲ့တယ် ဂျွန်။

>>>>>

အတိတ်နေ့ရက်တွေကို ပြန်လည်တူးဆွကြည့်တဲ့အခါVernazza မြို့ရဲ့ via roma လမ်းမထက်မှာ ပျော်ရွှင်မှုကို ရှာခဲ့ဖူးတယ်။

ငါတို့ မရောက်ဖူးသေးတဲ့လမ်းကြားလေးတွေဆီကို နှစ်ယောက် လက်တွဲကာ လျှောက်လည်ခဲ့ဖူးကြတယ်။

ငါတို့ လုပ်ချင်တာကို ဘယ်သူ့ခွင့်ပြုချက်မှ ယူစရာမလိုပဲ စိတ်ထဲရှိတဲ့အတိုင်း လုပ်ခဲ့ဖူးတယ်။

ငါတို့မှာ စိုးရိမ်ပူပန်ရမယ့်အဖြစ်တွေ၊ အားနာရမယ့်အဖြစ်တွေ၊ တာဝန်သိတတ်ရမယ့်အဖြစ်တွေ နဲ့ ဝေးတဲ့ အခိုက်အတန့်တွေလေ.....

အဲ့ဒီမှာ ငါတို့ကို အလိုမရှိတဲ့သူ မရှိဘူး၊ ဒီလိုပဲ ငါတို့ကို အဆင့်အတန်းမတူလို့ ခွဲချင်တဲ့သူတွေမရှိဘူး.... နောက်ပြီး ငါတို့ကို စိတ်ညစ်အောင် လုပ်မယ့်လူမရှိဘူးလေ။

မင်းရဲ့ နွေးထွေးတဲ့လက်ဖဝါးတဖက်ထဲ ငါ့လက်ဖဝါးကတင်းတင်းဆုပ်ထားတဲ့အချိန်၊ မင်းကငါ့ကို ချစ်သလို မင်းကို ငါကချစ်တဲ့ အကြောင်းတွေကို ကဗျာ တွေ၊ အလင်္ကာတွေ ဖွဲ့နွှဲ့ရင်း အချစ်အကြောင်း တယုတယ ပြောကြမယ့် စကားဝိုင်းလေး....ဒါတွေကပဲ ငါတို့ရဲ့ သုခဘုံလေးမဟုတ်လား။

မင်းသဘောကြတယ်မဟုတ်လား...

'အင်း သဘောကျတာပေါ့'

ထိုအဖြူရောင်အရိပ်လေးသည် သူ့အဖြေစကားကို စိတ်ရှည်စွာ စောင့်ဆိုင်းပါသည်။ တွန့်ကွေးနေတဲ့ နှာခမ်းပါးလေးတွေကို ငေးနေမိနေတုန်း သူ့လက်ကို ယှက်တွဲကာ ဆွဲခေါ်သွားသည်။

Crimson and Clover [KOOKV]Onde histórias criam vida. Descubra agora