11

247 27 3
                                    

Unicode

ဟိုက်ဝေးလမ်းမထက်မှာ ပြေးမောင်းနေတဲ့ ကားလေးတစ်စီးသည် ပုံမှန်အရှိန်နှုန်းနဲ့ ပြေးမောင်းဆဲဖြစ်သည်။

ကားရှေ့ခန်းမှာနေ၍ MacBook ကို အာရုံစူးစိုက်
ကြည့်နေသော ဂျောင်ဂုသည် မျက်ခုံးများ တွန့်ချိုးနေလေသည်။ နောက် မိနစ်အနည်းငယ်ကြာသောအခါ MacBook အား ပိတ်လိုက်၍ ကားနောက်ခုံဆီ ပစ်လွှင့်လိုက်သည်။

ကားမောင်းသူနေရာမှ ကောင်ကလေး၏ steering wheel ကို ကိုင်ထားသော လက်များသည် ချွေးစီးများပင်ပြန်လာရသည်။

ကားကိုလဲ ရှေ့ကြည့်မောင်းရင်း ဘေးက CEO ရဲ့ အခြေအနေကိုလဲ အကဲခတ်ရသည်။

ဘေးသို့ လှည့်ကြည့် လှည့်ကြည့်ဖြင့် ကပြာကယာဖြစ်နေသော ထိုကောင်လေးကို လှည့်ကြည့်ကာ ဂျောင်ဂုပို၍ပင် စိတ်နောက်သွားရသည်။

ဒယ်ဒီကလဲ ဘယ်လိုကောင်ကို လွှတ်လိုက်လဲမသိပါဘူး။ အရင်အလုပ်လုပ်နေတဲ့ကောင်လေးကလဲ နေမကောင်းဖြစ်တဲ့ အမေကို ပြုစုဖို့ ဆိုပြီး ၃လစာ ကြိုထုတ်သွားပြီး အလုပ်နားထားသည်။

အခု ထပ်ခန့်ထားတဲ့ အသစ်ကောင်လေးပုံစံကလဲ စိတ်တိုင်းမကျလှပါ။ ဂျောင်ဂုသည် တွေးရင်းမှ အသက်ရှုရကျပ်လာသလို မှန်တံခါးလျော့ချ၍ အပြင်ဘက်ကို ငေးလိုက်သည်။

ယူဂျွန်းကို အနားရှိစေချင်လိုက်တာ....
ယူဂျွန်းသာဆို သူ့ခံစားနေရသမျှကို အလိုက်တသိ ဖြေရှင်းပေးတတ်မှာ၊ အခုတော့ သူတစ်ယောက်ထဲ ဘယ်အရာမှ သိပ်အဆင်မပြေလှ။

ယူဂျွန်းရဲ့ အရာရာ အဆင်သင့်ပြင်ပေးခြင်းအောက်မှာ နေသားကျနေသူမို့ အခုအခြေအနေမှာ သူ့ကိုလွမ်းမိတာ မဆန်းပါ။

ပြီးခဲ့တဲ့နှစ်ကပဲ U.Kကို ပညာတော်သင်နဲ့ ထွက်သွားတဲ့ ယူဂျွန်းဟာ နောက်နှစ်တွေကျရင် ဂျောင်ဂုတို့ Company မှာ Managing Director အနေနဲ့ ပြန်ရောက်လာလိမ့်မည်ဖြစ်သည်။

ဒယ်ဒီ့ဆီက ချီးမွမ်းခြင်း အသိအမှတ်ပြုခံရခြင်းတွေနဲ့ ဒီနှစ်တွေထဲမှာ သူဟာလဲ Company ရဲ့ CEO ရာထူးအထိ ရောက်ရှိခဲ့ပြီဖြစ်တယ်။

ဟူး......

'ချိန်းထားတဲ့နေရာဆီ မြန်မြန်မောင်းစမ်းပါကွာ'

Crimson and Clover [KOOKV]Donde viven las historias. Descúbrelo ahora