9

266 25 2
                                    

Unicode

ဆောင်းရာသီကို ဗေလန် သဘောကျပါသည်။ ဆောင်းရောက်ပြီဆိုလျှင် ဗေလန်တို့ အိမ်ရှေ့မှာ နှင်းဖြူဖြူတွေနဲ့ အုံ့လွှမ်းသွားပြီး ကလေးပီပီ နှင်းဆုပ်ပေါက်တမ်း ကစားခဲ့ကြတာက ကလေးဘဝ အမှတ်တရတွေပါပဲ။

နောက်ပြီး ခရစ်စမတ်ကာလတွေမှာဆို ဆိုင်မှာ မီးသီးမီးတန်းလေးတွေ ချိတ်ကာ မိသားစုတွေ အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။

ဒီလို ဆောင်းနဲ့ပတ်သတ်တဲ့ အမှတ်တရတွေနဲ့ ဗေလန်ရဲ့ အမှတ်တရတွေထဲမှာ အခုတော့ မလိုချင်တဲ့ အမှတ်တရတွေ ထပ်တိုးလာတော့မည်။

ဂျွန်က သူ့ကို ခွဲသွားတော့မည်။

ကိုယ့်ချစ်သူက ခွဲခွါသွားမယ်ဆိုတော့ ဆောင်းရာသီကိုလဲ မုန်းချင်စိတ်ကလေး ဖြစ်လာတော့သည်။ အတူ ကုန်ဆုံးခဲ့တဲ့ နေ့ရက်တွေနဲ့ အမှတ်တရတွေထဲမှာ ဒီလိုခွဲရတာကတော့ ဗေလန့်ကို အနာကျင်စေဆုံးပါပဲ။

မလွှတ်ချင်ဘဲ ထွက်သွားခွင့်ပေးလိုက်ရတဲ့ လက်တစ်စုံအတွက် ဘယ်လို ကံအကြောင်းအရာတွေ ကြုံတွေ့ရအုံးမလဲ။

^^

မနက်၄နာရီထဲက ကြောင်စီစီဖြစ်သွားတဲ့မျက်လုံးတွေကြောင့် ပြန်အိပ်ဖို့လဲ မဖြစ်နိုင်တော့ပါ။ ဟိုတယ်ကနေ အစောကြီးထွက်လာလိုက်ဖို့ကလဲ ရထားဟာ မနက် ၇ နာရီမှ ပထမခရီးစဉ် ထွက်မည်။

အိပ်ရာထဲ လူးလိမ့်နေတဲ့ ကိုယ့်ကိုကိုယ် မှန်ချပ်မှ ပြန်ကြည့်မိတော့ တစ်စုံတစ်ခုကို ရင်မဆိုင်ရဲသလို အားငယ်နေမိသည်။

ဟုတ်ပါတယ်...ဂျွန်ဟာ ဒီနေ့ညနေပဲ သူ့ရင်ခွင်ကနေ ခွဲခွါသွားတော့မှာ...ဘယ်လိုပဲ သဘောထားကြီးပြီး ထွက်သွားခွင့်ပြုခဲ့ပါစေ...ချစ်သူကို ပထမဦးဆုံးအကြိမ် ခွဲရတာမို့ နာကျင်ရတာ မသက်သာလှပါ။

မျက်ဝန်းတွေနဲ့အကြိမ်ကြိမ် ကတိထပ်ထားတဲ့သူကို မယုံတာ မဟုတ်ပေမယ့် သူပြန်မလာရင်ဆိုတဲ့ မဝံ့မရဲ စိတ်ကခြေတုန်ချတုန်ဖြစ်မိတုန်း...

ဟူးးး....

သက်ပြင်းတွေ အကြိမ်ကြိမ် ရှိုက်နေမိပြီး ဂျွန်နဲ့ ခွဲရမယ့်အကြောင်းကို ဆက်စပ်တွေးမိလိုက်တိုင်း စိတ်မခိုင်ဘဲ ငိုနေမိတာကြောင့် ခေါင်းအုံးပေါ်မှာ မျက်ရည်တွေနဲ့ စိုစွတ်သွားတယ်။

Crimson and Clover [KOOKV]Hikayelerin yaşadığı yer. Şimdi keşfedin