4

418 31 2
                                    

Unicode

အချစ်မှာ နှစ်မြှပ်နေတဲ့အခါ လူတွေဟာ ကမ္ဘာကြီးလည်နေတာကို မေ့နေတတ်တယ်တဲ့။

ဘေးနားပတ်ဝန်းကျင်မှာဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို ဂရုမပြုနိုင်တော့ထိ အချစ်ရှိရာရပ်ဝန်းလေးမှာပဲ ပျော်ဝင်နေတတ်တယ်တဲ့။ ချစ်ခြင်းမေတ္တာကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုကြမလဲမသိပေမယ့် ကိုယ့်အတွက်တော့အချစ်ဆိုတာ နွေးထွေးလုံခြုံစေခြင်းပါပဲ။

ကိုယ်ဟာ ဒီအမျိုးသားလေး ပျော်ရွှင်နေစေဖို့ ၊ စိတ်အားငယ်လာတိုင်း ၊ ငိုကြွေးချင်လာတိုင်း ပုခုံးတဖက် မှီတည်ရာ ဖြစ်နေစေဖို့ အကြောင်းအရင်းလေးတစ်ချက် ဖြစ်နေမယ်ဆိုရင် ပျော်ပါတယ်။

ဗေလန် ဖြစ်ချင်သမျှ စိတ်ဆန္ဒတွေကို တိတ်တိတ်လေး ဖြည့်ဆည်းပေးချင်နေတာက ကိုယ်ပြသချင်တဲ့ ချစ်ခြင်းမေတ္တာလေးတွေပါ။

ဗေလန်ရဲ့ အပြုံးနွေးနွေးဟာ ကိုယ့်ကမ္ဘာမှာ ပန်းမျိုး တစ်ထောင်ပွင့်ဖူးစေတဲ့ အကြောင်းပြချက်လေး အဖြစ်အမြဲ တည်ရှိနေအုံးမှာပါ။

ကိုယ်ဟာ အချစ်ကို မြည်စမ်းကြည့်ဖူးတဲ့အရွယ်မှာ ပထမဆုံး ရင်ခုန်ခဲ့တဲ့အမျိုးသားလေးနဲ့ တူနှစ်ကိုယ်ရက်များအတွက် ရေစက်လှလှလေးကို အမြဲ ဦးညွှတ်နေမှာပါ။

မွေးဖွားရာ အရပ်တွေ ၊ ကိုးကွယ်ရာဘာသာတရားတွေ မတူတဲ့ထိ မတူကွဲပြားနေတဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်ဝိဉာဉ်ဟာ ရက်သတ္တပတ်ကြာလာလေ ပိုငြိတွယ်လေပါပဲ။ ဒီလူကိုမှ တစ်ရက်မမြင်ရင်မနေနိုင်သလို အရူးရင့်နေတဲ့ အချစ်ရူးဟာ ကိုယ်ပါပဲ။

ကိုယ့်အသက်နဲ့ နှလုံးအိမ်တည်ရာဟာ Vernazza  မြို့လေးမှာနေထိုင်သည့်တိုင် သူရှင်သန်ရာအရပ်မှာ ကိုယ်ပါ ရှင်သန်ချင်လာတဲ့ထိ ဗေလန်ပေါ်မှာ နှစ်ချို့ဝိုင်လေးလို စွဲလန်းရစ်မူးနေခဲ့ပါတယ်။

ရက်အလီလီ ကြာလာသမျှ နှစ်ယောက်အတူ ရှိနေတဲ့အခိုက်အတန့်တိုင်းဟာ ရွှေလို အဖိုးတန်နေပြီးချစ်သူ လက်ကို ချိတ်ဆွဲထားရတဲ့အခိုက်အတန့်တိုင်းမှာ ကမ္ဘာ့အထွတ်အထိပ်ကိုရောက်သွားသလို ပျော်ရွှင်နေမိတာ ဘာရယ်ကြောင့်မှန်းမသိ။

Crimson and Clover [KOOKV]Tempat cerita menjadi hidup. Temukan sekarang