31

368 22 2
                                    

Unicode

Luxury Living Unveiled event အတွက် Lotte Hotel ကို ရောက်နေခြင်းဖြစ်တယ်။ ပွဲကို Golden Construction Company ရဲ့ ကိုယ်စားလှယ်အဖြစ် ဂျွန်က ပွဲတက်လာရခြင်း ဖြစ်သည်။ သူနဲ့ အတူ သူ့အတွင်းရေးမှူးမလေးရယ် ၊ Condo project အကြောင်း ရှင်းလင်းတင်ပြမယ့် တာဝန်ခံ တွေရယ်ဖိတ်ကြားခြင်းခံရတာဖြစ်သည်။

Event ကိုတော့ အမြဲတမ်းလိုလို Luxury Condo တွေကို ဝယ်ယူနိုင်မယ့် မြင့်မားတဲ့ ငွေကြေးအင်အားတောင့်တဲ့ ပုဂ္ဂိုဟ်တွေ အထူးသဖြင့် High bossတွေပေါ့ ၊ တနည်း HNWLs ( High net-worth individuals ) တွေကို အဓိကထား ဖိတ်ကြားသည်။ အလားတူ Luxury condos တွေက ရင်းနှီးမြှုပ်နှံမှုကောင်းတဲ့အခွင့်အလမ်းတွေလည်း ဖြစ်တာကြောင့် အိမ်ခြံမြေ စျေးကွက်မှာ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ကြပါသည်။

၆ နာရီမှာ ပွဲစမယ် ကြေညာထားသော်လည်း ဖိတ်ကြားခံ VIP , VVIP နဲ့ တခြားသော Celebrities, Influencers လို ထင်ရှားကျော်ကြားတဲ့ လူပုဂ္ဂိုလ်များလဲ ပြပွဲကို တဖွဲဖွဲရောက်လာကြသည်။

Celebrities နဲ့ Influencers တွေကို ဖိတ်ရခြင်းကတော့ Media ဘက်မှာ သူတို့က ပိုပြီး စိတ်ဝင်စားမှု မြင့်တက်အောင် စွမ်းဆောင်ပေးကြလို့ပါပဲ။ သူတို့အနေနဲ့ အကောင်းဆုံး  dress တွေ limited brand တွေအပြိုင်အဆိုင် ဝတ်ပြီး ဒိတ်ဒိတ်ကြဲ ပွဲတက်လာတာကလဲ event ကို ဆွဲဆောင်နိုင်ခြင်းတမျိုးပါပဲ။

ဒီနေ့ အခမ်းအနားပွဲကို ဂျွန် တစ်ယောက်ထဲ သီးသန့် ပွဲတက်လာခြင်းဖြစ်တယ်။  အဖြူရောင် Dress shirt ကိုမှ Charcoal ရောင် vest ထပ်ဝတ်ထားပြီး ချပ်ရပ်ရပ်နဲ့ သေသပ်လှတဲ့ tailored suit ကြောင့် ဂျွန် ခန္တာကိုယ်က အတော်လေးကြည့်ကောင်းနေတယ်။ နက်ကတိုင်အနေနဲ့ အစင်းကြားပါတဲ့ charcoal ရောင်ကိုရွေးချယ်ထားတာက fashion အမြင်ရှိသူပီသတယ်ပြောရမည်။

မြင့်မားပြီးသွယ်လှတဲ့ခြေတံတွေအတွက် အနက်ရောင် leather oxford shoes က တောက်ပြောင်နေကာ ဂျွန် ခြေလှမ်းလှမ်းလိုက်တိုင်းမှာ အရှိန်အဝါတစ်ခု ရနေသလိုပင်။

ရိုးရိုးရှင်းရှင်း luxury watch ဖြစ်တဲ့ Rolex နာရီတစ်လုံးသာ ဝတ်ဆင်ထားပြီး  ရွှေ ၁၈ ကာရက်နဲ့ platinum တွေပါဝင်သည့် ထိုနာရီဟာ တန်ဖိုးအားဖြင့် ဝမ်ကို သန်းနဲ့ချီပြီး ရှိသည်။ ဘယ်ဘက် လက်သန်းကြွယ်မှာ လက်ထပ်လက်စွပ်လို ပြောင်ကွင်း တကွင်းကို ဝတ်ဆင်ထားသည်။

Crimson and Clover [KOOKV]Where stories live. Discover now