12

312 29 5
                                    

Unicode

အင်ချွန်းလေဆိပ်သို့ ရောက်သောအခါ producer ပြောထားသည့်အတိုင်း အမျိုးသမီး တစ်ဦး လာကြိုပါသည်။

နိုင်ငံရပ်ခြားကို ပထမဆုံး ခရီးထွက်ဖူးတာမို့ မြင်မြင်သမျှဟာ စိမ်းသက်နေပြီး အာရှလူတော်တော်များဟာ အရပ်မမြင့်ကြသည်ကို ပထမဆုံး သတိထားမိသည်။

ပြီးတော့ ရုပ်ရည်အရလဲ ဗေလန်တို့နှင့်အတော် ကွာခြားသည်။ အီတလီတွေဟာ မျက်ခုံး၊ နှာတံ အလွန်လှကြတယ်ဆိုတဲ့ မားမား စကားကို ခုမှ သိတော့သည်။

'မင်္ဂလာပါ'

'မင်္ဂလာပါ...'

အသံနေအသံထား ပီပြင်စွာ ထွက်လာတော့ တဖက်အမျိုးသမီးက ဗေလန်ကို အံ့ဩစွာ ကြည့်သည်။

ကိုရီးယားဘာသာ စကားနဲ့ အကျွမ်းတလျင်မရှိတဲ့ ဗေလန်သည် ၆လအတွင်း နေ့နေ့ညည ကြိုးပမ်းခဲ့ရသေးသည်။ ဒီလမ်းကို လျှောက်မယ်လို့ ခြေစုံချရပ်လိုက်ထဲက လှမ်းရတဲ့ခြေလှမ်းတိုင်းဟာ မလွယ်ကူလှပါ။

'ဂျွန်ရယ်...ကိုယ့်အဖြစ်ကိုသိရင် မင်းဘယ်လိုတုံ့ပြန်မလဲ သိချင်ပါသေးတယ်'။

'ဗေလန်တီနိုက အီတလီသားလေးပေါ့'

'ဟုတ်ပါတယ်'

'ကျွန်မက ဆိုဖီရာ...ကနေဒါကပါ'

သူ့ကိုယ်သူ မိတ်ဆက်လိုက်တဲ့ နှာခမ်းနီမလေးသည် ဗေလန်အမြင်တွင်တော့ နည်းနည်းလေးနဲ့မှ မြောက်အမေရိကသူနဲ့မတူ...ကိုရီးယား-ကနေဒါကပြားမလေး ဖြစ်ရမည်။

'ကျွန်မတို့ အရင်ဆုံး ကုမ္ပဏီသွားကြမလား ပြီးမှ အလုပ်လုပ်ရမယ့်နေရာကို လိုက်ပြမယ်လေ'

'ဟုတ်ကဲ့ ကျနော်တို့ ကုမ္ပဏီမှာပဲ လုပ်ရမှာမဟုတ်ဘူးလား'

'အင်း...ကျွန်မတို့ designer team အတွက် အဖွဲ့မှူးက နေရာ သပ်သပ်ငှါးပေးထားတယ်ရှင့် အဲ့ဒီနေရာလေးကလေ တကယ့်ကို heaven on the earth ပဲ ဗေလန်လဲတအား သဘောကျသွားမှာ'

ဗေလန်သည် ထိုချစ်စဖွယ်အပြုံးလေးနဲ့ စကားတွေ အများကြီးပြောနေသူကိုကြည့်ရင်း လိုက်ပြုံးမိသည်။
Extrovert တွေနဲ့သာဆို အမြဲ သက်တောင့်သက်သာရှိလွန်းတယ်မဟုတ်လား။

Crimson and Clover [KOOKV]Où les histoires vivent. Découvrez maintenant