33

171 19 0
                                    

Unicode

33

အချိန်အားဖြင့် ည ၁၀နာရီ။ ရပ်ကွက်ထဲမှ နေရာကျဉ်းမြောင်းသော အနောက်ဘက် လမ်းကြားထဲက အရက်ဆိုင်ကို ဂျွန် သွားလိုက်သည်။ ပုံမှန်ဆို ည ၁၁နာရီဆိုင်ပိတ်ချိန်ဟု ပြောထားသော်လည်း ဆိုင်အတွင်း တခြားဧည့်သည် တွေ ဝင်၊ထွက် တာမျိုး မရှိအောင် တဆိုင်လုံးကို ငှါးလိုက်သည်။ ချိန်းဆိုထားသော တဖက်ကလူသည် မိနစ်ပိုင်းအကြာမှ ဆိုင်အတွင်းသို့ဝင်လာသည်။

ဂျွန်သည် ထိုလူနောက်တွင် ဘယ်သူမှ လိုက်မလာစေရန် မိုးကာ အစိမ်းစရှည်ကို ဆွဲပိတ်လိုက်ကာ ဆိုင်ရှင်အဒေါ်ကြီးကိုလဲ ခနရှောင်ခိုင်းလိုက်သည်။

'နောက်ကျတယ်'

'အခုမှ မြို့ပေါ်ကို ပြန်ရောက်လာရတာ ဆိုတော့ အလုပ်နည်းနည်းများနေလို့ပါ'

အပိုစကားမပြောတော့ဘဲ ဘေးနားမှာရှိတဲ့ ဆိုဂျူးပုလင်းကို ဖွင့်ဖောက်လိုက်ကာ အရက်ငှဲ့ပေးလိုက်သည်။

'ကျေးဇူး'

သူခေါင်းငြိမ့်လိုက်ကာ နောက်ထပ်ဖန်ခွက်ကိုယူပြီး အရက်ငှဲ့ထည့်လိုက်သည်။ ပထမဆုံး တစ်ခွက် မော့လိုက်သည်နဲ့ ခါးသက်တဲ့အရသာက လည်ချောင်းတလျှောက် ဝင်သွားသည်။ အမှုစစ် ကန် ကို သူအကဲခတ်ကြည့်နေလိုက်ပြီး ဘယ်လိုစကားမျိုးရွေးသုံးသင့်လဲဆိုတာ စဉ်းစားနေလိုက်သည်။

လွန်ခဲ့တဲ့ ၂ နှစ်က ဆိုးလ်မြို့ကနေ တာဝန်ရွေ့ဆိုင်းအနေနဲ့ နယ်ဘက်ရောက်သွားရသော ထိုလူသည် အမှုအခင်းရေးရာမှာလာဘ်စားမှုမရှိ အင်မတန်ဖြောင့်မှန်သူဟု သိထားသည်။
သို့သော်လည်ဍ နဂိုထဲကမှ အထက်လူတွေကနေတဆင့် အဆင့်ဆင့် လာဘ်ပေးလာဘ်ယူ လုပ်နေကြတာမို့ အမှုစစ်ကန်ရဲ့ ရိုးဂုဏ်ဟာ အလုပ်မဖြစ်တော့ဘဲ ကြာလာသည်နဲ့အမျှ မတော်လောဘသားတွေကြား မျက်စိဆံပင်မွှေးဆူးစရာ ဖြစ်ခဲ့ရပြီး နယ်ဘက်ကို ရွေ့ခံရသည်။

သူအနေနဲ့ စီနီယာ ဖြစ်ပါလျက်နဲ့ကိုင်ရတဲ့ အမှုတွေက ခပ်သေးသေးတွေမို့ ရာထူးတိုးလဲနောက်ကျခဲ့သည်။ အထက်လူကြီးကို ဖားဖားယားယားမလုပ်ခဲ့တာကြောင့်လဲ ရာထူးတိုးနှေးနေခဲ့သည်။ သို့သော် သူ၏ ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ အမှန်ကိုအမှန်အတိုင်း ပြောတတ်၊ဆိုတတ်၊လုပ်ကိုင်တတ်သည်မို့ အမှူစစ်ကန်ရဲ့ နာမည်ကလဲ တစပြန်လည် ထင်ရှားလာခဲ့သည်။

Crimson and Clover [KOOKV]Where stories live. Discover now