10

329 24 1
                                    

Unicode

မနက်ခင်းတစ်ခုမှာတော့ အိမ်ထဲမှ လူသုံးယောက်ဟာ အချင်းချင်း သူ့ထက်ငါ အပြိုင်စကားလုပြောနေကြသည်။ သူတို့ပုံစံကြည့်ရတာလဲ တစ်ယောက်စကား တစ်ယောက် သေချာနားထောင်ကြပုံမပေါ်။

ဒယ်မီနဲ့ ဂျူလီယာနိုတို့သည် ယခင်အတိုင်းပင် မတည့်အတူနေစမြဲ...ခါတိုင်းတွင် ဂျူလီယာနိုနှင့်ဒယ်မီက အချင်းချင်းစနောက် ရန်ဖြစ်နေကြဆိုပေမယ့်အခုတော့ မားမားပါ တစ်ပွဲတစ်လမ်းပါဝင်လာပြီဖြစ်သည်။

အကြီးဖြစ်သည့် ဒယ်မီဟာ တခြားသူတွေရှေ့ဆို လူကြီးလူကောင်းဆန်ဆန်နေထိုင်ပေမယ့် အငယ်ဆုံးလေးနဲ့ဆို ကလေးဗိုလ် ကျစမြဲ။ ဂျူလီယာနို ကို ဒယ်မီအနိုင်ကျင့်ပြီဆို အငယ်ဆုံးလေးဟာ ဗေလန် ရင်ခွင်ထဲ တိုးဝင်ကာ နှာခမ်းဆူပုတ်ပုတ်ဖြင့် မကျေနပ်ကြောင်းကို ရင်ဖွင့်လေ့ရှိပါတယ်။

ဒီလို ချစ်စဖွယ် မောင်နှမတွေထဲ ခုချိန်မှာတော့ ထူးဆန်းစွာ တစ်စုံတစ်ယောက်ကတော့ အိမ်ပြန်ချိန်တွေမှာ နောက်ကျနေခဲ့တယ်၊ မောင်နှမတွေ ငြင်းခုံရင်း တအိမ်လုံး ဝိုင်းကြီးပတ်ပတ် နှင့် မားမားနားမှာ ကြွက်ကလေး သုံးကောင်ဆော့ကစားနေခဲ့ရာက အခုတော့ နှစ်ယောက်သာ ကျန်တော့သည်။

တီဗွီက လာတဲ့ရုပ်သံလိုင်းမှ အစီအစဉ်တစ်ခုကို စိတ်ဝင်တစားကြည့်နေကြသည်။

'ကဲ ဒီတစ်ခါမှာတော့ တတိယမြောက် winner ကိုကြေညာမှာ ဖြစ်ပါတယ်'

ရေးး

တီဗွီထဲကအသံတွေက ကျယ်လောင်စွာ ထွက်ပေါ်နေတော့သည်။ ဖင်တကြွကြွ ဖြစ်နေတဲ့ ဂျူလီယာနိုက

'မဖြစ်ပါစေနဲ့ မဖြစ်ပါစေနဲ့'

'ဟဲ့ နင့်အကိုကို ရပါစေ ဆုတောင်းလေ'

ဒယ်မီက လှမ်းပြောတော့ ဂျုလီယာနိုက မဲ့ခနဲ။

'ဘယ်ညီမက ကိုယ့်အကိုကို မရပါစေနဲ့လို့ဆုတောင်းမလဲ အခုက တတိယလေ ဗေလန်က ရချင်းရ ပထမပဲရမှာ'

'ဟုတ်တယ် ငါ့သားလေးရမှာ'

သေချာအခိုင်အမာပြောနေတဲ့ ဂျူလီယာနိုက မားမားက ထောက်ခံသည်။ 'တွေ့လား' ဆိုတဲ့ ပုံစံနဲ့ ဂျူလီယာနိုက ဒယ်မီ့အား မေးဆက်ပြသည်။

Crimson and Clover [KOOKV]Tempat cerita menjadi hidup. Temukan sekarang