22

299 24 2
                                    

Unicode

'ပွဲအခမ်းအနားက ခနနေစတော့မှာလေ ဒယ်ဒီ'

ဂျောင်ဂုက စိတ်မရှည်တဲ့လေသံနဲ့ဆိုတော့ ဥက္ကဌကြီးက သားဖြစ်သူကို တစိုက်မတ်မတ်ကြည့်နေပြီး ဆေးလိပ်ငွေ့များကို ရှိုက်သွင်းကာ မျက်နှာကို မော့ချီထားသည်။

မထင်ထားတဲ့ ရုတ်တရက်အခြေအနေကြောင့် ဘာဆိုဘာမှ မတွေးတတ်တော့ပါ။

ဂျောင်ဂု ဟိုတယ်ကို စဝင်လာချင်းပဲ ဓာတ်လှေကားနဲ့ ဒုတိယထပ်ဆီတက်ဖို့ရှိသေး...သူ့နောက်ကနေ အမဲရောင် suit တွေနဲ့ ထောင်ထောင်မောင်းမောင်း လူလေးယောက်ကပါ ဓာတ်လှေကားထဲသို့ပါ လာသည်။

ထို့နောက် ဓာတ်လှေကားတံခါးပိတ်သည်နဲ့ သူ့ကိုအနောက်ကနေ ဖမ်းချုပ်ကာ အခန်းတစ်ခုစီသို့ ဇွတ်တရွတ်ဆွဲခေါ်လာသည်။ ဂျောင်ဂု ပါးစပ်ကိုလဲ ပုဝါနဲ့ခပ်ကြမ်းကြမ်း စည်းနှောင်ထားသဖြင့်အော်ဟစ်လဲ ထင်သလောက်မကျယ်နိုင်။

ဘယ်အထပ်ကအခန်းဆီမှန်းမသိ သူ့ကို ဆွဲသွင်းပြီးတာနဲ့ သူဒူးထောက်လျက် လဲကျသွားသည်။ အလျင်စလို မော့ကြည့်တော့ သူရဲ့ဒယ်ဒီ။

ဒယ်ဒီက အနောက်ကလူတွေကို မေးဆတ်ပြရင်း အခန်းထဲက ထွက်သွားစေသည်။ ထို့နောက်သူ့ကို ဆိုဖာစီ မျက်စပစ်ပြရင်း ထိုင်စေသည်။

ဂျောင်ဂု ဝတ်ထားသည့် suit ကို နေရာတကျ တည့်မတ်ပြင်ဆင်လိုက်ပြီး ထိုင်ခုံမှာ ဝင်နေရာယူလိုက်သည်။

ဒယ်ဒီ့မျက်လုံးတွေက မှေးစဉ်းကာ သူ့ကို တိတ်တဆိတ် အကဲခတ်နေသည်။ ထို့နောက် လက်ထဲမှဆေးလိပ်ကို ပြာခွက်ထဲ နှစ်ချလိုက်ပြီး

'မင်း ဘာလို့ ငါစီစဉ်ပေးသမျှကို အသာတကြည် လက်မခံတာလဲ ဟမ်'

'ဒယ်ဒီဘာကိုပြောနေတာလဲမသိဘူး'

'အဟက်....ငါမသိဘူးများထင်နေသလား...မင်း အဲ့ဗေလန်တီနိုဆိုတဲ့ အကောင်နဲ့ ရှုပ်နေတယ်ဆို'

'ရှုပ်နေတယ်ဆိုတာ ပိုင်ရှင်ရှိရက်နဲ့ တခြားသူနဲ့ ဖောက်ပြားနေတာမျိုးကို ခေါ်တာ ဒယ်ဒီရဲ့...ကျွန်တော်က ခုထိ အနှောင်အဖွဲ့ကင်းတဲ့ လွတ်လပ်တဲ့ ယောကျ်ားတစ်ယောက်ပါ ဒယ်ဒီ'

Crimson and Clover [KOOKV]Onde histórias criam vida. Descubra agora