36

153 22 1
                                    

Unicode

ဒီနေ့က wedding အတွက် ဝတ်စုံ သွားရွေးမယ့်နေ့။

မင်ဆိုအာသည် မနက် ၇နာရီထဲက ကွန်ဒိုရှေ့ရောက်လို့နေသည်။ တကယ်တော့ သူမကို တံခါးလျို့ဝှက်ကုတ် မပေးထား။ ဒါကြောင့် သူမ ကိုကို့ကို ဖုန်းခေါ်လိုက်သည်။

'Hello ကိုကို ဆိုအာက ကားပါကင်မှာ ရောက်နှင့်နေပြီနော်'

'ဟင်'

တဖက်က အိပ်ချင်မူတူးအသံက သူမကို ဇဝေဇဝါဖြစ်သွားစေသည်။ မနေ့ကပဲ ကိုကို ကိုယ်တိုင် ဒီနေ့ ဝတ်စုံသွားကြည့်ကြမယ်လို့ ပြောထားတာလေ။ မေ့နေတာလား မသိတော့ပါ။ မနက်ခင်း အစမှာတင် သူမစိတ်တွေ နောက်ကျိသွားရသည်။ ကိုကိုက သူမမပေါ် အလေးအနက်မရှိဘူး ဆိုတာ သူမ နာကျင်စွာ လက်ခံလိုက်ရပါသည်။

ဘပဲဖြစ်ဖြစ် ဆိုအာလဲ ကွန်ဒိုတိုက်ခန်းဆီသို့ ရောက်နေပြီမို့

'ကိုကို ဒီနေ့ wedding dress အတွက် ချိန်းထားတာ သိပါတယ်နော်'

ထိုအခါ တဖက်က ငြူတုတုအသံလေးများက ကြည်လင်လာကာ

'အာ အင်း သိပါတယ်။အခု အခု ဘယ်ရောက်နေပြီလဲ'

'ကိုကို့ ကွန်ဒိုတိုက်ခန်းဆီမှာပေါ့'

'အာ ကိုယ်အဲ့မှာမရှိဘူး ညက ယူဂျွန်းနဲ့အလုပ်ကိစ္စပြောကြရင်း သူ့ဆီမှာပဲ အိပ်လိုက်တာမို့'

'ဒါဆို ဆိုအာက ဘယ်လိုလုပ်ရမှာလဲ'

ဂျွန်သည် တဖက်က စိတ်မရှည်သော အသံစွာစွာကို ပြေးကြည့်စရာမလိုအောင် မြင်ယောင်မိပါသည်။ ဖုန်းထဲက ပူညံပူညံတွေ မကြားချင်တော့သလို ဖုန်းက နားနားကခွါထားကာ အသံတွေရပ်သွားမှ

'အင်း ကိုယ်လာကြိုပေးမယ်နော် အဲ့ဒီမှာပဲစောင့်နေ'

ကုတင်ဘေးနားမှာပြန့်ကျဲနေသော တစ်ရှူးစများနှင့် ဝိုင်ခွက်တွေကို သိမ်းဆည်းလိုက်ကာ ဖန်ခွက်တွေကိုတော့ ဘေစင်မှာ သူထားလိုက်သည်။ ပြန်လာမှပဲ သူဆေးကြောလိုက်မည်။ နံရံကပ်ဗီရိုထဲမှာ အသင့်စား snack တွေနဲ့ ရေခဲသေတ္တာထဲမှာလဲ မနေ့က market မှာ ဝယ်ခဲ့တာတွေရှိပေမယ့် သူဘယ်လိုအချိန်မမှီတော့။

Crimson and Clover [KOOKV]Donde viven las historias. Descúbrelo ahora