24

330 27 4
                                    

Unicode

I would choose you in every lifetime

မြို့ထဲတစ်နေရာ လမ်းထောင့်ဆုံတစ်ခုမှာ ဖွင့်ထားတဲ့ ဂရက်ခီယို ဆိုတဲ့ အီတလီ ကော်ဖီ ဆိုင်လေးမှာ ဗေလန်တို့ ဝင်ထိုင်ဖြစ်တယ်။

လက်ထဲမှာ ကိုင်ဆွဲထားတဲ့ အထုတ်ကြီးငယ်အားလုံးက တခနချင်း ပေါ့ပါးသွားသဖြင့် ဘေးလှည့်ကြည့်တော့ လှလှပပ ပြုံးပြတယ်။

'လေးနေမှာဆိုးလို့'

'အို'

ပြောသာပြောရတယ်...ဗေလန်လက်နှစ်ဖက်လုံး ဗလာဖြစ်သွားပြီး ဝယ်လာသမျှ အထုတ်တွေ သူပဲ ဆွဲနေတာ။

ဆိုင်ထဲရောက်ပြီးမှ ပြန်လုလို့လဲမကောင်း...။ ဗေလန်ကို သက်သာစေချင်တဲ့သူ့စိတ်ကို လက်ခံလိုက်ရပြီးကောင်တာမှာ မှာစရာရှိတာ မှာလိုက်သည်။

မှန်ချပ်တွေနဲ့သာ ဝန်းရံထားတဲ့ဆိုင်လေးက အပြင်ဘက်မှာ ဥဒဟို သွားလာနေတဲ့ လူတွေအပြင် အနည်းငယ်လှမ်းတဲ့ ကားလမ်းမကိုတောင်မြင်နေရသည်။

ဒီနေ့ ဗေလန်တို့ shopping ထွက်ကြရင်း မိုးက ဖွဲခန ရွာချလို့ နီးစပ်ရာဆိုင်လေးမှာ မိုးခန ခိုကြရုံပါ။

စုံတွဲနှစ်တွဲထိုင်လို့ရတဲ့ လေးခုံပါအတွဲခုံကို ဂျွန်က နေရာယူလိုက်ပြီး သူဝင်ထိုင်တဲ့ဘက်မှာ အထုတ်တွေကိုဘေးချသည်။

ဗေလန် သူနဲ့မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်တော့ ပြုံးတုံ့တုံ့မျက်နှာနဲ့။ တနေကုန် ဂျွန့်မျက်နှာဆီ အကြည့်ရောက်တိုင်း သူပြုံး ပြုံး ပြနေတော့ဘာရယ်ကြောင့်မှန်းမသိ သူ အူမြူးနေတယ်လို့ထင်လာတယ်။

'ဘာဖြစ်လို့ ခနခနပြုံးပြနေတာလဲ'

'ဘာမှမဖြစ်ပါဘူး ကိုယ် ချစ်သူနဲ့အတူရှိရလို့ပျော်တဲ့ဟာ'

ကြည်ကြည်စင်စင်ပြုံးနေပုံက တကယ့်ကို ဖြူစင်လွန်းပါတယ်။ သူဟာ စေ့စပ်ထားတဲ့ ယောကျ်ားလေးတစ်ယောက်ဆိုတာကို မေ့နေသယောင်။

တစ်လလုံး ဗေလန်တိုက်ခန်းမှာ ကုတ်ကပ်တွယ် နေနေသူက ဗေလန်အနားမှာ တဖဝါးမှ မခွါဘူးတဲ့လေ။ သူ ရုံးတက်ရက်ကလွဲ weekend တွေဆို အိမ်မှာပဲ ဗေလန်နဲ့အတူ အချိန်ကုန်ဆုံးတတ်တာမို့ သူ့အဝတ်အစားအချို့နဲ့ အသုံးအဆောင် တွေက ဗေလန်တိုက်ခန်းမှာ နေရာယူလာတယ်။

Crimson and Clover [KOOKV]Onde histórias criam vida. Descubra agora