🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၂)မနက်၅နာရီခွဲအချိန်၌ မျက်ဝန်းညိုများက တဖြည်းဖြည်းချင်းပွင့်လာကာ နံဘေးမှကိုယ်ငွေ့နွေးနွေးဆီစောင်းကြည့်မိရာ မိမိဘက်လှည့်ကာလက်လေးခေါင်းခုပြီးအိပ်နေပါသော လေးက်ို တွေ့လိုက်ရသည်။ကျင့်သားရနေသော မျက်လုံးများက မနက်ဆို အစောကြီးနိုးလာတတ်တာမို့ ပုံမှန်အတိုင်း လေ့ကျင့်ခန်းလုပ်ရန်တွေးမိသော်လည်း မျက်ဝန်းညိုများကတော့ မျက်စိရှေ့ကပုံရိပ်လေးကိုပဲမျက်တောင်မခတ်ကြည့်နေမိသည်။ပုံမှန်အချိန်တွေဆို တွန့်ချိုးနေတတ်သည့်မျက်ဝန်းများက ယခုမူ တစ်တန်းတည်း ပြေပြေလေးဖြစ်နေပြီ မျက်တောင်တိုတိုစိတ်စိတ်လေးများက မြတ်နိုးရသည့်မျက်ဝန်းစိမ်းလေးများကို ဖုံးကွယ်ထားသည်။စင်းကျနေသောနှာတံနှင့် ဘုကလန့်စကားများကိုခပ်ပြတ်ပြတ်ဆိုတတ်သော ခပ်ပါးပါးနှုတ်ခမ်းတစ်စုံကတော့ ဖိအိပ်ထားသောကြောင့် ခပ်ဆူဆူလေးဖြစ်နေသည်။
လေး၏ အစိတ်အပိုင်းတစ်ခုချင်းဆီတိုင်းကို မြတ်နိုးလွန်းရသလို ပိုင်ဆိုင်ချင်စိတ်တွေတိုးလာသည်မှာလည်း ထိန်းမရ။
ဘယ်အချိန်ကစပြီး သက္ကရာဇ်ဦးညိုရဲ့ပိုင်ဆိုင်လိုစိတ်က ဤမျှလောက်ထိပြင်းပြလာရသလဲဆိုတာတွေးရင်း မျက်စိရှေ့ကပုံရိပ်လေးအား အချိန်အတော်ကြာသည်ထိ သက္ကရာဇ်မျက်တောင်မခတ်ငေးမောနေမိသည်။
6:45AM,
အကြိမ်ကြိမ်ရင်ခုန်မိသောမင်းမျက်ဝန်း...အာရုံမှာငြိတဲ့မျက်ဝန်း...မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း....မနက်6:45မိနစ်အချိန်တွင် ထွက်ပေါ်လာသော ဖုန်းalarmအသံကြောင့် ဘေးတစ်စောင်းလေးအိပ်နေပါသော မျက်ဝန်းစိမ်းလေး၏မျက်ခုံးလေးများက တစ်ချက်ကြုံ့သွားပြီးနောက် ယှက်သွယ်ထားသော မျက်တောင်လေးများ တဖြည်းဖြည်းချင်းပွင့်လာပုံကို ကြည့်ရင်း၊ဖြည်းညှင်းစွာခတ်သွားပါသော မျက်တောင်လေးများကို လိုက်ရေတွက်ရင်း သက္ကရာဇ် မေးချိုင့်လေးများပေါ်သည်ထိပြုံးလိုက်ကာ နှစ်ကိုယ်ကြားရုံလေး ပြောလိုက်သည်က...။
“Morning... လေး....”