🦋သက္ကရာဇ်တစ်ခု၏ညှို့ချက်များ🦋
အပိုင်း✨🍁(၁၃)အရင်ဆုံးလူသွားလူလာများသည့်နေရာတွင် ကိုယ့်အဖွဲ့နှင့်ကိုယ် ပစ္စည်းများကို သေချာချလိုက်ကြသည်။ လေးညှို့တို့အဖွဲ့က bossတစ်ယောက်လုံးပါသဖြင့် bossရှေ့အတတ်နိုင်ဆုံးအမှားအယွင်းမရှိအောင် အားလုံးဂရုတစိုက်လုပ်နေကြသည်။
ပြင်ဆင်နေသည်များကို ရုပ်တည်ကြီးနှင့်သေချာလိုက်ကြည့်နေသော bossကြောင့် တခြားသူများသာမက လေးညှို့ပင် နေရတာ ကျဉ်းကြပ်လာသလိုခံစားရသည်။မကြာမှီ အကုန်လုံးပြင်ဆင်ပြီးသည်နှင့်အရောင်းပိုင်း စတင်ကြတော့သည်။အဖွဲ့ထဲတွင်အတွေ့အကြုံရှိသည့် စီနီယာအကိုပါလာသောကြောင့် BT Speaker အလတ်စားလေးဖြင့် ချိတ်ကာ မိုက်ကိုဖွင့်လိုက်ပြီး...
“အားလုံးပဲ မင်္ဂလာပါဗျာ...အဆိုခုရာသီဥတုကတစ်ဖြည်းဖြည်းပူပြင်းလာပြီဖြစ်တာကြောင့် လူကြီးမင်းတို့ နေအိမ်တွေမှာမီးပျက်ပြီဆိုတာနဲ့ air conရှိနေလည်းအပိုလိုဖြစ်သွားကြတယ်မလားဗျ...အဲဒီပြဿနာတွေအတွက် ကျွန်တော်တို့ဆီမှာ အဖြေရှိပါတယ်ဗျ...၂၄နာရီလုံး မီးအားနိုင်တဲ့ ဘက်ထရီ၊ဆိုလာ၊အင်ဗာတာ၊ပန်ကာတွေ air colorတို့ကအစနိုင်ပါတယ်ဗျ၊ တစ်နိုင်တစ်ပိုင် ဖုန်းအားသွင်းဖို့ မီးထွန်းဖို့ စတဲ့ လူကြီးမင်တို့လိုအပ်ချက်တိုင်းအတွက် ဒီကလူချောလေးများအဖွဲ့က ပစ္စည်းမှန်ဈေးမှန်နဲ့ ရောင်းချပေးနေပါတယ်ဗျာ....”
“ဟာ...ဟိုရှေ့ကလူကြီးမင်း...လူကြီးမင်းကြည့်ရတာ ကျွန်တော်တို့ရဲ့ solarပြားတွေကို သဘောကျနေတဲ့ပုံပဲဗျ...လာပါဗျ...အားမနာဘဲ အားပေးလို့ရပါတယ်ဗျ...ဒီတိုင်း ဝင်ကြည့်လည်းရပါတယ်ဗျ....“
ကိုကောင်းရဲ့အပြောကြောင့် ဘေးနားကဖြတ်သွား၊နားထောင်နေကြပါသောလူများနှင့်အတူ လေးညှို့တို့ပြုံးလိုက်မိကြသည်။အရင်က တစ်ခါမှ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံမရှိသဖြင့် စီနီယာတွေသာမပါလာလျှင် ဘယ်ကစမိတ်ဆက်ရမလဲဆိုတာ လေးညှို့အမှန်တကယ်မသိပေ။ကြော်ညာပြီး မကြာခင်မှာပဲ လာရောက်စူးစမ်းကျသော လူတစ်ချို့ကြောင့် လေးညှို့တို့အဖွဲ့လည်း အားတက်သရော ရှင်းပြကြသည်။