Unicode"ရင်းနှီးမြှုပ်နှံရေးဌာနက ဒီနေ့ စီမံကိန်းနှစ်ခု တင်ပြထားပါတယ် နှစ်ခုလုံးက နဂိုက ကျွန်တော်တို့ဘက်ကို အစီရင်ခံထားခြင်းမရှိပါဘူး ဥက္ကဌရှောင်စန်းက နောက်ထပ်လုပ်ငန်းစဉ်တွေအတွက် လူတွေကို တိုက်ရိုက်ပဲ နေရာချပေးထားတာ ပြီးတော့ ကျွန်တော်တို့ ရင်နှီးမြှုပ်နှံထားတဲ့ ဟောင်ဟွေ့လျှပ်စစ်ကို နောက်ထပ် ထောက်ပံ့ဖို့ကာလ ရောက်တော့မယ်ဗျ ဥက္ကဌရှောင်စန်းက စန်အန်းက အခုကစပြီး ရှိနေတဲ့ ရှယ်ယာတွေ ရှင်းလင်းပြီး ထပ်မဆက်နွယ်တော့ဘူးဆိုတဲ့အကြောင်း စကားဆိုထားခဲ့တယ်ဗျ ပြီးတော့ ..."
စန်းကျစ်စန်းက ကွန်ပြူတာစခရင်မှ မျက်လုံးပင့်ကြည့်ပြီး အစီရင်ခံနေတဲ့ အတွင်းရေးမှူးစကားကို ဖြတ်ပြောလိုက်သည် : "ဟောင်ဟွေ့လျှပ်စစ်?"
"ဟုတ်ပါတယ်" အတွင်းရေးမှူးက ချက်ချင်း တုံပြန်လိုက်ပြီး : "ဟောင်ဟွေ့လျှပ်စစ် ရင်နှီးမြှုပ်နှံမှုကို ဘော့စ်ကိုယ်တိုင် ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ဟောင်ဟွေ့ကလည်း ပြီးခဲ့တဲ့နှစ်နှစ်အတွင်း အတော်ချဲ့ထွင်နိုင်ခဲ့တယ်ပြောရမယ် ကျွန်တော်တို့ရဲ့ ရောင်းအားအမြင့်ဆုံးထုတ်ကုန်အတော်များများက သူတို့ရဲ့ ချစ်ပ်ပြားတွေကို သုံးရတာ သူတို့ကို လက်လွှတ်လိုက်ရင် သေချာပေါက် သက်ရောက်မှုကြီးကြီးမားမားတော့ ရှိလာလိမ့်မယ် ဒီမနက်ပဲ အဲ့ဒီကစီအီးအိုက ဒီအကြောင်းကို မေးမြန်းဖို့ ဆက်သွယ်လာပါသေးတယ်"
"သူကရော ဘာပြောလဲ" စန်းကျစ်စန်းက မေးလိုက်သည်။
"သူတို့ဟောင်ဟွေ့က စီအီးအိုက ဘော့စ်ကို လူချင်းတွေ့ချင်နေတယ်"ဟု အတွင်းရေးမှူးက စကားမဟခင် စန်းကျစ်စန်းပြောသည့်'သူ'က စန်းကျစ်ယွမ်ကို ရည်ညွှန်းကြောင်း ရုတ်တရက်အသိဝင်လာပြီးမှ ပြန်ပြင်ပြောလိုက်လေသည် : "ဥက္ကဌရှောင်စန်းက ဒီမနက်ပဲ အပြင်ထွက်သွားတယ်ဗျ အခု ပြန်ရောက်မရောက်တော့ မသေချာဘူး"
"သူ့ကိုဆက်သွယ် ကုမ္ပဏီမှာ ရှိနေရင် ငါ့ဆီကို ဝင်တွေ့ဖို့ ပြောလိုက်ပါ" စန်းကျစ်စန်း ညွှန်ကြားလိုက်လေသည်။
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်" 《同坠》Falling Together by 白芥子 76 Chapters