Chapter - 4

1K 163 10
                                    




Unicode

နင်းမိသားစုနှင့် တွေ့ဆုံဖို့ရန်အား နောက်တစ်နေ့၏ နေ့လည်ခင်းတွင် လျာထားတာပင်။ စန်းကျစ်ယွမ် လှေကားမှဆင်းလာသောအခါ စန်ကျစ်စန်းမှာ စန်းရှန့်လီအား ကားပေါ်လိုက်ပို့ပြီးနှင့်ပြီဖြစ်သည်။ : "မင်းက ငါနဲ့အတူ နောက်ကားနဲ့ လိုက်လို့ရတယ်" : စန်းကျစ်ယွမ်ဘက်လှည့်လာပြီး ပြောလေသည်။

ဘာမှပြန်ပြောမနေတော့ဘဲ စန်းကျစ်ယွမ်လှည့်ထွက်သွားပြီး ကားတံခါးကို ဆွဲဖွင့်လိုက်လေ၏။

နှစ်မိနစ်လောက်နေတော့ စန်းကျစ်စန်းလည်းတက်လာပြီး ကားသမားအား ထွက်ခွါရန် ပြောလိုက်လေသည်။

"ဟိုကျရင် ပုံမှန်အတိုင်းပဲနေနော် ကိုယ့်ကိုယ်ကိုယ် အရှက်ရစရာဖြစ်အောင် မလုပ်နဲ့ အဖေစိတ်ပူနေလိမ့်မယ်" : စန်းကျစ်စန်းမှ သတိပေးလေသည်။

စန်းကျစ်ယွမ် ကားနောက်မှီကို မှီထားလိုက်ရင်း မျက်လုံးတို့ကို ဖြည်းညင်းစွာ မှိတ်ထားလေ၏။

"ကျွန်တော်ကလူပါ စက်ရုပ်လည်းမဟုတ် ခင်ဗျားက ကျွန်တော့်ကို အခက်တွေ့အောင် တွန်းအားပေးနေတာပဲ"

စန်းကျစ်စန်းလှည့်ကြည့်လာရာ ဦးဆုံး သူ၏ဖြူရော်နေသောမျက်နှာကို သတိထားမိသွားလေသည်။ မျက်မှောင်ကို ကြုံ့လိုက်မိရင်း ဘာမှဆက်မပြောတော့ပေ။

စန်းကျစ်ယွမ်ကိုယ်ဆီက ဆေးလိပ်နံ့ခပ်ဖျော့ဖျော့ရနေဆဲပင်။ ညလယ်ခေါင်ကြီးတွင် အောက်ထပ်ကဥယျာဉ်ထဲ ဆေးလိပ်ရပ်သောက်နေသူကို သူမြင်မိသေးသည်။ တကယ်တော့ မနက်၃နာရီပင် ကျော်လုပြီဖြစ်၏။

စီးကရက်ဖင်စီခံတို့ မြေပြင်ပေါ်တွင်ပြန့်ကျဲနေလျက် စန်းကျစ်ယွမ်အား ညအမှောင်ထုက လွှမ်းခြုံလို့ထားလေသည်။ လက်ချောင်းထဲတွင် စီးကရက်ကို ညှပ်လို့ထားပြီး အမှောင်ထုထဲမှ တစ်ခုတည်းသောအလင်းရောင်ဖြစ်သည့် စီးကရက်မီးစက ရံဖန်ရံခါ ဝင်းလက်လို့လာပေလိုက်ပင်။

စန်းကျစ်စန်း၏မှတ်ဉာဏ်တို့ထဲမှ သူ၏နှစ်လိုဖွယ်မရှိလှသောညီလေးသည် အမြဲပင် အားမာန်အပြည့်အဝရှိနေတတ်သည့်အပြင် နာခံမှုမရှိဘဲ ပုန်ကန်သောင်းကျန်းတတ်သည့်ဉာဉ်ကလေးက ရှိသေးသည်။ သို့သော်ငြား မနေ့ညကလို လမ်းစပျောက်နေပြီး စိတ်ရှုပ်ထွေးနေသည့်ဟန်ကတော့ သူတစ်ခါမှမမြင်ခဲ့ဖူးသည့် ပုံစံဖြစ်လေသည်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now